ဆေးရုံရောက်တော့လည်း ကောင်လေးက သတိဝင်မလာသေးပါ။သူ(မ)ဆေးရုံရောက်ပြီး သိပ်မကြာခင်မှာဘဲ ဆရာဝန်လာစစ်သည့် အချိန်နှင့်ဆုံသည်။
ဆရာဝန်စစ်ဆေးပြီးသည့်အချိန်ထိစောင့်ပြီး သူမမေးလိုက်သည်။

"ဆရာ လူနာအခြေနေက ဘယ်လိုနေသေးလဲ။သက်သာလာ လား "

"အဆင်ပြေပါတယ် သူနိုးလာမှာပါ။ခလေးငိုတဲ့ အချိန်တွေမှာဆိုရင် ခလေးကို သူ့ရင်ဘတ်ပေါ် တင်ပေးထားလိုက်ပါ။ခလေးငိုသံကလဲ သူနိုးလာဖို့ နှိုးဆော်ပေးနိုင်လောက်ပါတယ်"

Nurseကိုမှာစရာရှိတာမှာကာ ဆရာဝန်လည်းထွက်သွားတော့သည်။

ခဏအကြာမှာတာ့ nurse တစ်ယောက်က
ခလေးကို ခလေးတွန်းလှည်းလေးဖြင့်
နို့တိုက်ဖို့ရန်အတွက် ခေါ်လာခဲ့သည်။ခလေးက
သူ့ဖခင်ဗိုက်ထဲ ရှိနေစဉ်အချိန်တုန်းကအတိုင်း အရမ်းလိမ္မာကာ တစ်ချက်မှ မငိုပါ။
ဒါမဲ့ ကောင်လေးက သတိမလည်သေးဘဲ
မျက်ရည်တွေကျနေတာကြောင့်
ဖြိုးမေမှာ လန့်ဖြန့်သွားကာ

"ဆရာဝန်... ဆရာဝန် ခေါ်ပေးပါအုံး ဆရာမရယ်"

ဆရာဝန် ရောက်လာပြီး စစ်ဆေးပြီးတော့

"လူနာက ကြိမ်းသေပေါက်တော့မဟုတ်ပေမဲ့ သတိရှိနေတာမျိူးလည်း ဖြစ်နိုင်ပါတယ်။သတိရှိနေပေမဲ့ ခန္ဓာကိုယ်က ခွန်အားတွေရော သွေးတွေပါ အများကြီးဆုံးရှုံးထားရလို့ သတိဝင်နေပေမဲ့ ဥပမာပြောရမယ်ဆိုရင် စိတ်ကဆောင်နေပေမဲ့ ကိုယ်ကမဆောင်နိုင်ဘူးပေါ့။ဒီလိုမျိုးလဲဖြစ်နိုင်သလို၊တချို့ကလဲ သတိမလည်သေးပေမဲ့ အိပ်မက်ဆိုးမက်နေတာကြောင့် မျက်ရည်ကျတာလဲ ဖြစ်နိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် မျက်ရည်ကျလာတာကလဲ  ဒီအတိုင်း သတိမေ့နေတာထက်စာရင် အခြေအနေ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်လေ။"

ဒီလိုနှင့် ခလေးနို့တိုက်ချိန်မှာ
မျက်ရည်ကျလာတာကလွဲရင် ကောင်လေး
အခြေနေဟာ မတိုးတက်လာသေးပေ။

၇ရက်မြောက်နေ့မှာတော့ အရမ်းအနေအေးပြီး မငိုတဲ့ခလေးဟာ တစ်နေ့လုံးငိုနေသည်မှာ
တစ်ချက်မှပင် အငိုမတိတ်။

nurseတွေလည်းဘာလုပ်ရ၊ဘာကိုင်ရမှန်းပင် မသိတော့။လူနာကို နေ့တိုင်းလာကြည့်နေကျ လူနာစောင့်ကလည်း ရောက်မလာသေး။

သူမှလွဲ၍" Except Him " (BL-OC) CompletedWhere stories live. Discover now