အပိုင်း-၈ (Unicode)

Start from the beginning
                                    

"လိုက်သွားလိုက်ပါ အကိုလေး "

မီးဖိုးခန်းထဲကရေသောက်ပြီးထွက်လာဟန်ရှိတဲ့ အစ်ကိုစွမ်းဆောင်ကပြောလေသည်။ လက်ဟန်နဲ့ပါ လိုက်သွားခိုင်းနေတာမို့ စစ်မင်းထက် ဘာမှန်းမသိပဲ နောက်ကပြေးလိုက်သွားရသည်။

ခေါင်းကိုငုံပြီးအသကုန်ပြေးလာတာကြောင့် ခုဏကအေးဆေးလှေကားပေါ်တတ်နေတဲ့ မင်းသန့်ကျော်ဇင်ရဲ့ကျောခုံးကို ခေါင်းနဲ့ဝင်တိုက်လေသည်။

"အ!! တောင်း..တောင်းပန်ပါတယ် ဦးသန့်!! မမြင်လိုက်လို့"

"လှေကားအတတ်အဆင်းကိုသတိထားလေ မတော်လို့ခြေခေါက်ပြီး ပြုတ်ကျရင်ဘယ်လိုလုပ်မလဲ"

စစ်မင်းထက်ပြုတ်ကျတော့မယ်ထင်ပြီး ခါးပိုပွေ့ဖက်ထားတဲ့မင်းသန့်ကျော်ဇင်ရဲ့လက်တစ်ဖက်ကခုထက်ထိ ခါးပေါ်မှာရစ်တွယ်ထားဆဲ။

"ဒါဆို ဘာလို့ဦးသန့်က ဘာမှမပြောပဲ ထွက်သွားရတာလဲ!! ပြီးတော့ ကျွန်တော့်ကိုလွှတ်ပေးလို့ရပြီလေ"

"အမ်!!အဟွန့်!! သိချင်ရင် ကိုယ်နောက်လိုက်ခဲ့ မဟုတ်ရင်ထပ်ပြီးခြေချော်ကျမယ် အဟွန်းးး"

ချောင်းတဟန့်ဟန့်နဲ့ မျက်နှာကြီးနီရဲနေတဲ့ ဦးသန့်ကိုကြည့်ပြီး စစ်မင်းထက်သဘောတကျရယ်မိတယ်။

"ဦးသန့်ရာ..."

"နောက်ဆို မင်းဘယ်သွားသွား ကိုယ့်ကိုအရင်ပြောသွားပါ"

အခန်းထဲရောက်တာနဲ့ ပြောလာတဲ့ ဦးသန့်စကားကြောင့် စစ်မင်းထက်ပြူးကြောင်ကြောင်ကြည့်နေမိသည်။ဘာကိုဆိုလိုမှန်း သူမသိခြင်းကြောင့်ဖြစ်သည်။

"ဘာ...ဘာလို့လဲ ဦးသန့်"

"မင်းအကိုက ကိုယ့်ဆီမှာစိတ်ချလက်ချအပ်ထားခဲ့တာ မင်းတစ်ခုခုဖြစ်သွားရင် ကိုယ် သူရကိုဘယ်လိုမျက်နှာပြရမလဲ မင်းပဲတွေးကြည့်ပေါ့"

တစ်ခါမှစကားအများကြီးမပြောဖူးတဲ့သူက အခုကြပြောသွားလိုက်တာများ အရှည်ကြီးပဲ စစ်မင်းထက်အနေနဲ့က အိမ်မှာနေလည်း ခုလိုမျိုးနောက်ကျမှာပြန်လာတတ်တဲ့နေ့တွေရှိသည်။အထူးသဖြင့် သူ့သူငယ်ချင်းတွေနဲ့ဆုံရင် နောက်ကျတတ်မှန်း အိမ်ကလူတွေက ကြိုသိထားကြသည်။

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now