အပိုင်း-၈ (Unicode)

Start from the beginning
                                    

"အင်း~ အိပ်မပျော်လို့ပါ"

တကယ်တော့ သူကအိပ်မပျော်တာမဟုတ်ဘဲ ဟိုကောင်လေးပြန်မလာသေးလို့စိတ်ပူနေခြင်းသာဖြစ်သည်။ ဒါကိုလည်း စွမ်းဆောင်ကရိပ်မိဟန်ရှိသည် သူ့ကိုပြုံးပြီးတော့သာ ကြည့်နေခဲ့သည်။

"ဆယ်ကျော်သက်အရွယ်ဆိုတော့လည်း အပျော်လွန်နေလို့ဖြစ်မှာပါ အရမ်းစိတ်မပူနေပါနဲ့ ဆရာရယ်"

"တကယ်တော့ ကိုယ်အရမ်းစိတ်ပူနေတယ် စွမ်းဆောင် သူများရန်ဖြစ်နေမလား ဒါမှမဟုတ် ဒဏ်ရာတစ်ခုခုများရနေမလားဆိုပြီး ဟူး~"

သက်ပြင်းချသံနဲ့အတူ မင်းသန့်ကျော်ဇင်ရဲ့မျက်လုံးတွေဟာလည်း ဂဏှမငြိမ်ဖြစ်နေခဲ့သည်။ တကယ်တော့ မင်းသန့်ကျော်ဇင်ဟာ အပြင်ပိုင်းမှာတော့ အေးစက်တယ်လို့ထင်ရပေမဲ့ သူ့ဘေးနားကလူတွေအပေါ်တော့ အရမ်းကိုစိုးရိမ်ပူပန်တတ်သည်။ သူခင်တွယ်ရတဲ့သူတွေ သူ့အနားကထပ်ပြီးပျောက်ကွယ်သွားမှာကို သူအကြောက်ဆုံးဖြစ်သည်။

"ဘာမှမဖြစ်လောက်ပါဘူး ဆရာရယ် စိတ်ကိုငြိမ်ငြိမ်ထားပါ"

ခဏနေတော့ ခြံဝင်းထဲကို ငွေမျှင်ရောင်ကားတစ်စီးဝင်ရောက်လာခဲ့သည်။ကားထဲက ထွက်လာတဲ့ စစ်မင်းထက်က မင်းသန့်ကျော်ဇင်နဲ့ စွမ်းဆောင်ကိုမြင်တော့ အရမ်းကိုအံ့သြသွားခဲ့သည်။ ည၁၂နာရီတောင်ရှိနေပြီကို အခုထိမအိပ်ကြသေးဘူးလား...

"ဦးသန့်!! မအိပ်သေးဘူးလား ဘာလို့လဲ အိပ်မပျော်လို့လား ကျွန်တော်နွားနို့ပူပူလေးတစ်ခွက်လုပ်ပေးရမလား"

ဒီတစ်ခါတော့ စွမ်းဆောင်ရှောင်ထွက်သွားပေးလိုက်တော့သည်။စစ်မင်းထက်က အလွန်မျက်နှာလိုက်သည် ဘာလို့ဆို နှစ်ယောက်အတူတူတွဲရပ်နေတာမြင်ရဲ့သားနဲ့ သူရဲ့ဦးသန့်ကိုပဲ အိပ်မပျော်ဘူးလားဆိုပြီး စိုးရိမ်ကြီးစွာနဲ့မေးနေရှာသည်။ဘေးမှာရပ်နေတဲ့သူကိုကြ တစ်ခွန်းလေးတောင်မေးဖော်မရဘူး!!

"ဟင့်အင်း မသောက်ချင်ဘူး!! "

ထိုစကားတစ်ခွန်းသာပြောပြီး စစ်မင်းထက်ကိုလုံးဝလှည့်မကြည်ပဲ အပေါ်ထပ်ကိုသာ တတ်သွားတော့သည်။

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now