"ဟိတ်ကောင် မင်းလမ်းကိုဘလိုလျှောက်လာတာလဲ"

ပြသာနာဖြစ်ရမှာစိတ်မပါလို့ ရှောင်လိုက်ပေမယ့် ပြသာနာသိပ်တက်ချင်နေတဲ့ ဒီလောကသုံးပါးမအိမ်လုံးကောင်က ပခုံးကိုတွန်းလိုက်တာကြောင့် ထွက်ချင်နေတဲ့ဒေါသကစောင့်ထွက်လာပါလေရော အကြည့်တွေကဒေါသစွတ်နေတာတောင်ဒီကောင်ကရန်စွတ်နေတုန်း

"ဟက် ဘာလဲမင်းကပြသာနာဖြစ်ချင်တာလား"

"ငါပြသာနာမဖြစ်ချင်ဘူး မင်းလမ်းမင်းသွား"

"ဟက်ရုပ်ကြည့်တော့ ပျော့ဖက်ဖက်နဲ့ အဖြစ်မရှိတဲ့ကောင် ကြောက်ရင်ကြောက်တယ်ပေါ့"

"ခွပ်.......ခွပ်"

ဒေါသတွေကထိမ်းမရတော့ဘူး ဒီကောင်မျက်ခွက်ကိုမှမထိုးလိုက်ရရင် Jung Hoseokမဟုတ်တော့သလို စိတ်လွတ်လက်လွတ်ထိုးပြီးသွားမှ ပိုက်ဆံအိတ်ထဲကပိုက်ဆံတစ်ထပ်ထုတ်လိုက်ပြီး ပြစ်ပေါက်ပေးလိုက်တယ်

"ဒီလောက်ဆိုလောက်လား မလောက်ရင်ထပ်လာတောင်း "

"မင်း"

"ဘာလဲနည်းသေးလို့လား ခဏ"

ကျောပိုးအိတ်ထဲစောင်ထားတဲ့baseballတုတ်ကိုထုတ်ပြီး သူ့ကားကိုအားရပါးရရိုက်ပေးခဲ့လိုက်တယ် နောင်ခါလာနောင်ခါဈေး

"မင်းမကျေနပ်ရင် ရုံးခန်းတက်တိုင်လိုက် ok"

စိတ်တွေကတကယ်တိုနေတာ ဘာဖြစ်နေမှန်းကိုမသိတာ အစတည်းကစိတ်ကလွတ်ထွက်ချင်နေပါတယ်ဆို ဒီကောင်ကရန်လာစတော့ ပြန်ကျွေးပေးလိုက်တယ် စိတ်ထဲနဲနဲတောင်ပေါ့သွားသလိုဘဲ ဟက်
....................
ဟက်ဘာလား မနက်ကဖြစ်တဲ့ပြသာနာကဟိုကောင်က သွားမတိုင်တာလား မေ့ဘဲနေတာလား အခုထိရုံးခန်းကJung Hoseokကိုမခေါ်သေးဘူး ဘာလဲပြသာနာကဒီလိုဘဲပြီးသွားပြီလား ဝါးဘာကြီးလဲ ပျင်းဖို့ကောင်းလိုက်တာ
နေဦး ဟိုရှေ့ကလာနေတာဘဲနာကြီးမလား ဟွန့်သူဟုတ်တော့ရောငါကဘာလုပ်ရမှာလဲ မသိချင်ယောင်ဆောင်ပြီးဖြတ်သွားပေမယ့် လက်ကောက်ဝတ်ကနေဆွဲခေါ်ခြင်းခံလာရတာကလဲJung Hoseokဘဲ ဒီဘဲကြီးအဲ့လောက်အားသန်ရလား

"ပြောပါဦး ဘာတွေဖြစ်နေတာလဲ"

"ဘာဖြစ်လို့လဲ ဘာမှမဖြစ်ပါဘူး"

BAL GYI Where stories live. Discover now