Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
<Unicode>
Conan!!!
အတော်အတန်မြင့်တဲ့အဆောက်အဦးတစ်ခုပေါ်မှ မျက်လုံးများမှိတ်ကာကျသွားသော ကောင်လေးတစ်ယောက်
ထိုကောင်လေးကျတာကိုစစမြင်ချင်းမှာပဲ လိုက်ဆွဲကယ်ဖို့ခုန်ဆင်းသွားသောကောင်လေးက သူအမြင့်မှကျမည်ကိုမမှုပဲ ထိုကောင်လေးကိုမှီဖို့ပဲအလျင်လိုနေခဲ့သည်
အရင်ကျသွားသည့်ကောင်လေးမှာ သတိလစ်နေဟန်
မျက်လုံးများအခုထိမပွင့်လာသေးပေ
"Conan!!!"
သတိလည်လာရန်အလိုငှာအော်ခေါ်လိုက်သော်လည်း
မည်သို့မျှမထူးလာပဲ အောက်ကိုသာဆက်ကျနေသည်
လိုက်ကယ်သည့်ကောင်လေးခေါင်းမှဦးထုပ်ရှည်မှာလွင့်ထွက်သွားလေပြီ ထိုနောက် ဝတ်ရုံအဖြူကိုပါလေထဲဆွဲလွင့်သွားစေလိုက်တယ်
ကျသွားသည့်ကောင်လေးရဲ့ခန္ဓာကိုယ်ကကလေးလေးတစ်ယောက်လိုကိုယ်လေးနဲ့ပေါ့ပါးလွတ်လပ်နေသည့်ဟန်
တစ်ဖြည်းဖြည်းနဲ့အားစိုက်ထုတ်လာတာလိုက်ကယ်သည့်ကောင်လေးမှာ Conanခေါ်သူကောင်လေးကိုမှီလာလေပြီ
"I get You"
မှီတာနဲ့လှမ်းပြီးတော့ကိုင်လိုက်သည်က
Conanဆိုသည့်ကောင်လေးရဲ့လည်ပင်းကို
နည်းနည်းကြောင်တောင်တောင်နိုင်ပင်မဲ့ပို၍ကြောင်သွားစေတာက
လည်ပင်းကိုလှမ်းကိုင်ခံရတဲ့ကောင်လေးမှ မျက်လုံးများပွင့်လာပြီး
လက်နှစ်ဖက်ဖြင့်ထိုလည်ပင်းလာကိုင်ထားတဲ့လက်ကို ဖမ်းကိုင်လိုက်ခြင်း
"No Kid, I catch you"
အဓိပ္ပါယ်ပါပါကျေနပ်ပြုံးများကConanရဲ့မျက်နှာမှာပေါ်လာသည်နှင့်တစ်ပြိုင်နက် လက်များကလည်းkidရဲ့လက်ကို လက်ထိပ်များဖြင့်ခတ်လိုက်ပြီးသား
