အပိုင်း-၇ (Unicode)

Start from the beginning
                                    

"အိုကေပါဗျာ"

သီဟနဲ့ဖုန်းပြောပြီးတာနဲ့ အချိန်ကိုကြည့်လိုက်တော့ နေ့လည်၁၁ထိုးနေပြီဖြစ်သည်။နေ့လည်စာအတွက် ပြင်ဆင်စရာရှိတာကို သူပြင်ဆင်ရတော့မည်။

လူခေါ်ဘဲခေါ်သံကြောင့် စစ်မင်းထက် ထွက်ကြည့်လိုက်တော့ အမည်မသိလူတစ်ယောက်က စမတ်ကျကျနဲ့ ခြံရှေ့မှာရပ်စောင့်နေသည်။

"အကိုလေး ပြင်စရာရှိတာ ပြင်နေလိုက်ပါ ကျွန်တော်သွားဖွင့်ပေးလိုက်မယ်"

အခန်းထဲကထွက်လာတဲ့ အစ်ကိုစွမ်းဆောင်ကဖွင့်ပေးလိုက်မယ်ဆိုတာကြောင့် သူမီးဖိုချောင်ဘက်ကိုသာ ပြန်လာလိုက်သည်။

"မြတ်ခ!!"

အံ့သြတစ်ကြီးဖြစ်နေတဲ့ စွမ်းဆောင်ကို မြတ်ခပြုံးသာပြုံးပြလိုက်သည်။

"ဘာလာလုပ်တာလဲ ဆိုတာ သိခွင့်ရှိမလား"

"ဧည့်သည်ကိုကြိုဆိုတာကလည်း"

မကျေမနပ်နဲ့ရေရွတ်မိတော့ စွမ်းဆောင်လည်းသူ့နည်းတူစွာ ခပ်ယေးယေးလေးပြန်ပြုံးပြသည်။

"မကြိုဆိုတဲ့ဧည်သည့်ဖြစ်နေလို့ပါ"

ထိုစကားကြောင့် မြတ်ခမျက်နှာနည်းနည်းပျက်ယွင်းသွားသည်ကို စွမ်းဆောင်မြင်ဖြစ်အောင်ကိုမြင်လိုက်ရသည်။

"ဘယ်သူလာတာလဲ အစ်ကိုစွမ်းဆောင်"

"ဒီတစ်ယောက်ကရော ဘယ်သူလဲ စွမ်ဆောင်"

မီးဖိုချောင်ဘက်ကနေ အပြေးလေးထွက်လာတဲ့ ကောင်လေးကြောင့် မြတ်ခသိချင်စိတ်ဖြင့်မေးမိသည်။ အသားဖြူဖြူ နှာတံစင်းစင်းနဲ့ ပါးချိုင့်ယေးယေးလေးက တကယ်ကိုကြည့်ကောင်းသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။

"မင်းသိဖို့ မလိုအပ်ဘူး မြတ်ခ"

လှေကားပေါ်ကနေ တစ်ထစ်ချင်းဆင်းလာတဲ့ မင်းသန့်ကျော်ဇင်၏ မျက်နှာကတော့ခက်ထန်နေသည် တစ်နည်းအားဖြင့် သွေးအေးသည့်သားရိုင်းကောင်နဲ့တူလွန်းနေသည်။မြတ်ခသူ့အတွေးကို သူသဘောတကျဖြစ်မိသည်။

"အဟက်!!! လေသံကမာလာချည်လား"

"မင်းလိုကောင်က လေသံပျော့ပျော့နဲ့ ပြောလို့မတန်ဘူး"

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now