"မောင်တို့ ထပ်မခွဲတော့ဘူး"

"အင်း မောင်နဲ့မခွဲတော့ဘူး။
မောင့်ဆီကို ကိုကိုပြန်လာတာ"

မောင့်ခါးကို တင်းတင်းကျပ်ကျပ်ဖက်တွယ်
မိတော့ ဘယ်လောက်တောင် လွမ်းနေခဲ့ရ
သလဲ။မောင့်ကိုယ်သင်းနံ့တွေကိုလည်း
လွမ်းနေခဲ့ရတာပဲ။မောင့်ရင်ခွင်ကိုလည်း
တမ်းတမိခဲ့တာပဲ။နှစ်ယောက်သား ခေါင်းချင်း
ဆိုင်တစ်ယောက်နဲ့တစ်ယောက် မျက်ဝန်းတွေ
ကို မလွတ်တမ်းကြည့်မိတော့ ရင်ခုန်သံတွေ
ဟာလည်း မပြောင်းလဲပါ။တဖြည်းဖြည်းနဲ့
နှုတ်ခမ်းတွေကလည်း နီးကပ်လာသည်။

"ချစ်တယ်"

တိုက်ဆိုင်စွာ ဖွင့်ဟမိတာ ချစ်တယ်ဆိုတဲ့
စကား။နူးညံ့မှုတွေနဲ့ အနမ်းယာဉ်ကြောမှာ
ရုန်းမထွက်နိုင်ကြ။တစ်စတစ်စနဲ့အသက်ရှူသံ
တွေပြင်းပြလာတော့မှ ရပ်စဲမိကြတဲ့ အခိုက်
အတန့်။တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်ရင်း ရှက်ရှက်နဲ့ ရယ်မိခဲ့ကြတဲ့ ဖြစ်ရပ်။

"ကိုသု..ကိုသုရောက်နေပြီဆို"

​ကိုကို့ဆီပြေးလာတဲ့ ခေတ်ခေတ်က စကား
တွေလည်း တပြောပြော။ကိုကို့ကို ဖက်ဖို့
ပြေးလာတဲ့ ခေတ်ခေတ်မှာ မဖက်လိုက်ရဘဲ
ကြမ်းပြန်ပေါ် ဘုတ်ခနဲ မှောက်ရပ်သားလေး
လဲကျရှာသည်။တရားခံကတော့ သော်ယံမောင်။
ကိုကို့ကို အဖက်မှမခံစေချင်တာ။

"အား! သေပါပြီ။အစ်ကိုနေရှင်းရေ ကယ်..
ကယ်ပါဦး!! ခေတ်ခေတ်နာသွားပြီ။ဦးလေး သော်ယံမောင် လုပ်လိုက်တာ"

"ကလေးလေး ဟာ..ဘယ်လိုဖြစ်တာတုန်း"

နေရှင်းက အပြေးအလွှားရောက်ချလာပြီး
ခေတ်ခေတ်ကို ထူပေးရှာသည်။
ဒါတင်မကသေး ဘယ်နားထိသွားသေး
သလဲဆိုပြီး သူ့မှာပျာပျာသလဲလည်း
ကြည့်ရှာသေးသည်။ခေတ်ခေတ်ကတော့
နာသွားတဲ့ ရင်ဘတ်ကိုဖိရင်း နေရှင်းကို
မျက်နှာလေးလည်း မဲ့ပြကာချွဲသည်။

"မင်းဟာလေးက ဘာမှမဖြစ်ဘူး။
ကြမ်းပြင်ပေါ်ကျသွားတာ ဆူးခင်းပေါ်ကျ
သွားတာမှ မဟုတ်ဘဲ။နှစ်ယောက်လုံး
အမြင်ကတ်စရာတွေ"

"မောင်..မင်းအခုထိ ခေတ်ခေတ်နဲ့မတည့်
သေးဘူးလား"

"ကိုသုရဲ့ မောင်မင်းကြီးသားကလေ
ခေတ်ခေတ်ကိုဆို သိပ်အနိုင်ကျင့်တာ၊
အခုပဲကြည့်လေ..ခေတ်ခေတ်က ကိုသုကို
ပြေးဖက်ဖို့ကို လုပ်လိုက်တာပဲကြည့်"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Donde viven las historias. Descúbrelo ahora