ကျွန်တော်ဟာ ကိုယ့်ရဲ့ စိတ်ကို
အမြဲ စမ်းစစ်တတ်သူပါ
ရက်တစ်ချို့မှာ စိတ်ထဲကနေလို့မကောင်းတာမျိုး
ဖြစ်တတ်ပါတယ်
အဲ့လိုအခါမျိုးဆိုရင်
ကိုယ် စိတ်ဓါတ်ကျနေတာလား ဒါမှမဟုတ်
စိတ်ညစ်နေ တာလား
ဝမ်းနည်းနေသလား
အားငယ်နေသလား
ဘာအကြောင်းကြောင့် စိတ်မပျော်မရွှင်ဖြစ်နေတာလဲ
ဆိုတဲ့ အကြောင်းအရင်းရှာဖွေမိတယ်
ဒီ နှစ်ပိုင်းမှာဖြစ်တဲ့ စိတ်ထဲနေမကောင်းတာက
ဘာအကြောင်းပြချက်မှကို မရှိဘူး
အချစ်ကြောင့် ပူလောင်ခံစားရတာတွေလဲမရှိဘူး
စိတ်ဓါတ်ကျ အားငယ်နေတာကြောင့်လဲမဟုတ်ပြန်ဘူး
ပူပန်ကြောင့်ကြ မှုတွေလဲမရှိဘူး
စိတ်က အတက်အကျ မရှိပဲ ငြိမ်လွန်းအားကြီးပြီး
ကိုယ့် လက်ရှိအခြေအနေကို ငြီးငွေ့လွန်နေတာဖြစ်မယ်
