အနောက်ကဂူအဝကိုပြန်ကြည့်လိုက်တော့ သာမန်လူဆိုမမြင်နိုင်လောက်အောင် ဂူအဝမှာပေါက်နေတဲ့နွယ်ပင်တွေနဲ့တောင်တစ်ခုလုံးမှာရှိနေတဲ့နွယ်ပင်တွေက တူညီနေပြီး ပါးလစ်သူမဟုတ်လျှင် သူတို့ထွက်လာသည့်အဝင်ပေါက် လမ်းပျောက်ကာ ချောင်ပိတ်မိနေမှာအမှန်ပင် …

ဖန်းဂူက မည်မျှတူညီအောင်ပြုလုပ်ထားပါစေ သူ့ရဲ့မှတ်ဉာဏ်က ကောင်းမွန်လှ၍ ဂူအဝင်ပေါက်ကို ချက်ချင်းပြန်ရှာတွေ့ပြီး ပြန်ထွက်ခွာလျှင်အဆင်သင့်ရန်အတွက် အမှတ်အသားချမှတ်လိုက်တယ် … ပြီးသွားတော့မှ ထူးခြားတဲ့အဆောက်အဦးကြီးထံ စတင်ဝင်ရောက်လာခဲ့ကြလေတယ် …

လူမနေဘူးဆိုတာ သိသာလှတဲ့အဆောက်အဦးကြီး၌ တောငှက်များ၏တောင်ပျံခပ်သံကလွဲ၍ အရာအားလုံးဟာ ပုံမှန်ထက်ပို၍ တိတ်ဆိတ်လျှက်ရှိနေတယ် … သူတို့ကလွဲ၍ ဒီနေရာ၌ လူရှိမည့်ပုံမပေါ်ပေ …

" ယွီလေး … ဒီနေရာကတော့ဘာမှမဖြစ်နိုင်တော့ဘူး …

ဒီနားမှာနားလိုက် … ကိုပဲသွားကြည့်လိုက်မယ် "

လမ်းအကြာကြီးလျှောက်လာရ၍ မင်းယွီမောပန်းနေမှန်းဖန်းဂူသိနေတယ် … ဒီနေရာကသူတို့ ၂ ယောက်ထဲရှိသလို အလင်းရောင်လဲကောင်းစွာရနေ၍ မင်းယွီကိုထားခဲ့ဖို့စိတ်ချနိုင်သည့်အနေအထားမှာရှိနေတယ် …

" ရ … ရပါတယ် … အထဲကိုတောင်ရောက်နေပြီပဲ အတူတူသွားမယ် "

" မင်းမောနေပြီမဟုတ်လား … ဆက်ပြီးလိုက်လာရင်လဲကြသွားနိုင်တယ် "

" ကျွန်တော်အဆင်ပြေတယ် …

အထဲမှာဘာရှိလဲ ကျွန်တော်လဲသိချင်တယ် "

ဖန်းဂူက မင်းယွီကိုထားခဲ့လို့မရမှန်းသိလိုက်တော့ မောပန်းနေတဲ့မင်းယွီကိုယ်လေးကို ကြီးမားတဲ့ သူ့ရဲ့လက်မောင်းတွေနဲ့ ပွေ့ချီလိုက်ပြီး …

" ကောင်းပြီ … ဒီတိုင်လေးလိုက်လာခဲ့ "

ဖန်းဂူရဲ့ရုတ်တရပ်အပြုအမူကြောင့် မင်းယွီမျက်ဝန်းလေးများပြူးကျယ်သွားပြီး ရင်ခုန်သံတွေကမြန်ဆန်လျှက် … ဖန်းဂူပုံစံက မောပန်းပုံမပေါ်သော်လဲ အတူတူလမ်းလျှောက်လာတာမို့ မင်းယွီထိုအနေအထားမျိုးနဲ့ လိုက်လာဖို့ကို ငြင်းဆန်နေမိတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now