Georgian Cheeseboat (Memo)

Start from the beginning
                                    

ရုတ်တရက် ရိပေါ်, ကို သူ့ ရင်ခွင်ဆီ,
အားသုံးပြီး, ဆွဲလိုက်လေရဲ့~

ခါး, တဝိုက်မှာ သက်တောင့်သက်သာ, မရှိတဲ့
ခံစားချက်တစ်ခု, ကို သတိထားမိချိန်, ရိပေါ် ထံက,
အသံမျှင်းလေး, ထွက်လာတယ် ~

"ဆောရီးရ် ကလေး ကိုယ် အမှတ်မဲ့သွားတာပါ
ကိုယ် တောင်းပန်ပါတယ် ကုန်ခဲ့တဲ့ညအတွက်ရော,
အခုအတွက်ရော"

လွန်လွန်ကဲကဲ, သိမ်မွေ့ နေတဲ့ ကိုကို့ အသံ, ဟာ
ရိပေါ်, ကို အနေရခက်စေတယ် ~ တကယ်ဆို........

"အက, ပြိုင်ပွဲကြောင့်လည်း ပါ, ပါတယ် ကိုကို
ပြီးတော့...."

သတိမမူမိခင်, ကိုကို, ဟာ ရိပေါ်, ကို စားပွဲပေါ်,
ဖွဖွလေး, ပွေ့ ရင်း ထိုင်စေတယ် ~

သွယ်လျလွန်းတဲ့, ကိုယ်ခန္ဓာကြောင့်
ကိုယ်ကျပ်, ဝတ်စုံတွေကိုပင် ဝတ်လေ့မရှိတဲ့ ကိုကို, က
အခုတော့, ရိပေါ်ကိုယ်လုံးကိုပင် ညှင်းညှင်းသာသာ,
ပွေ့ ချီနိုင်နေလေရဲ့ ~

"ပြီးတော့..? ပြီးတော့.... ကလေး ဘာပြောချင်သလဲဟင်
ကိုယ်ကရော ဘယ်လိုစကားမျိုးကို ကြားရမှာလဲ ဟင်
ပြောပါ ချစ်သူ"

မျက်ဝန်းနှစ်စုံ, ဝင်တိုက်မိသွားတယ် ~

ကိုကို, ဟာ ရယ်လို့မောလို့ ~

"ကုန်ခဲ့တဲ့ည,... အဲဒါက, မြတ်နိုးချိန်မို့ အပြစ်မဖြစ်သင့်ဘူး
ပြောတာပါ ကိုကို"

နားရွက်လေး, ကို သတိလက်လွတ်, ဖမ်းကိုက်မိမှ
ကိုကို့ အတွေးလေး, ရိပေါ်လက်ထဲ ပြန်ရောက်တယ် ~

"ကိုယ် ဘာပြန်ပြောသင့်သလဲ မ,သိတာပါ ကလေး
ကိုယ် အမြဲတမ်း သတိထားပါရက်နဲ့ အမြဲတမ်းလည်း
သတိ, ကို လွှတ်ချမိတယ် နာရီခဏ, ကြာပြီးတဲ့အခါ
ကလေး, ချွေးစက်တွေမြင်ရင် ကိုယ် သတိဝင်လာတယ်
ပြီးတော့ ငိုချင်သွားတယ်"

သူ့ နားရွက်လေးတွေနောက်ကို, ပွတ်သပ်ရင်း
မေးရိုးလေးတလျှောက်, ရိပေါ် လိုက်နမ်းမိတယ် ~

ကိုကို, ဟာ သူ့ စကားစ, ကို မဖြတ် ~

နောက်ကျနေတဲ့ မနက်စာ, ကတော့ ချစ်ပုံပြင်တစ်ပုဒ်ကို
ငိုက်မျဉ်းစွာ နားယောင်နေလေရဲ့ ~

Atelier (Completed)Where stories live. Discover now