အပိုင်း ၃၁

Start from the beginning
                                    

ဘာ ကူးစက်ရောဂါ မဖြစ်နိုင်တာ ဘယ်လိုလုပ်မိဖုရားမာမှ

အရှင်ကျွန်တော်မျိုးစကားကိုနားထောင်ပေးပါ မိဖုရားအဆောင်တော်ကို ချိတ်ပိတ်ပေးပါ ဒီထဲကထွက်ပြေးသူတိုင်းကိုသတ်မိနိ့ပေးပါ ဒီရောဂါသာအပြင်ကို ပြန့်သွားရင် ပြည်သူတွေအများအပြားထိခိုက်ရမာပါ

ကောင်းပြီ ကိုယ်တော်လက်ခံတယ် အခုကစ မိဖုရားအဆောင်တော်ကိုဝင်ထွက်ခွင့်မရှိတော့ဘူး အပြင်ထွက်ပြေးတဲ့သူတွေရှိခဲ့ရင် သတ်စေ

ဆေးဝါးပစ္စည်းအစုံကို အဆောင်ပေါက်ဝမာ ချထားခဲ့ပေးပါအရှင် ကျွန်တော်မျိုးမာပါကူးစက်နိုင်လို့ ကျွန်တော်မျိုးလည်း အပြင်ကိုထွက်လာလို့မရပါဘူး အကုန်လုံးကိုကုသပြီးသွားမှပဲ အပြင်ကိုထွက်ခဲ့ပါ့မယ်အရှင်

အင်း ကောင်းပြီ မင်းကိုယ်မင်းလည်းဂရုစိုက်ပါ လုယီ ပြီးတော့ လော့လော့ကိုလည်း ဂရုစိုက်ပေးပါ

.
(သိလားဒီရောဂါအကြောင်း 1347-1351ဥရောပမှာလူပေါင်း သန်း200ထိသေဆုံးခဲ့ဖူးတဲ့ ပုလိပ်ရောဂါပါ စိတ်ကူးပေါက်လို့ထည့်ထားတာ)

.

ကူးစက်ရောဂါရဲ့ပြန့်ပွားမှုနှုန်းကအရမ်းကို မြန်ဆန်တာကြောင့် မိဖုရားနန်းဆောင်ထဲမှ ထွက်ပြေးသူအများအပြားကိုသတ်ခဲ့ရပြီး တစ်လအတွင်းလူ၅၀ခန့်သေဆုံးခဲ့ရတယ် အထူးစောင့်ရှောက်ခံမိဖုရားကတော့ အနဲအကျင်းသက်သာလျက် ရှိသော်လည်း သူမကြောင့်ကူးစက်သွားသူ အချို့ထဲမှ ၁၀ယောက်ခန့်ကသေဆုံးခဲ့ရပြီးကျန်သူတွေကတော့ထွက်ပြေးလို့အသတ်ခံခဲ့ရသူတွေဖြစ်တယ်

.
ညီလာခံခန်းမဆောင်တွင်တော့

ကျေးဇူးပြု၍မိဖုရားအဆောင်တော်ကို မီးရှို့ပစ်ပေးပါအရှင် အဲ့ရောဂါသာအပြင်ကိုပြန့်ပွားခဲ့ရင်ဘယ်လိုလုပ်မလဲ အခုတောင်လူအများအပြားသေဆုံးနေရပါပြီအရှင်

စဥ်းစားဆင်ခြင်သုံးသပ်ပေးပါအရှင်

တတိတ်စမ်း အကုန်လုံး အဲ့ဒီထဲ မင်းတို့သားသမီးတွေပါခဲ့ရင် မင်းတို့ဒီစကားပြောထွက်ရဲမလား
အခုသမားတော်တွေလည်းကြိုးစားကုသနေကြတာကို အမတ်မင်းတို့က အကူညီမပေးပဲ နိမ့်ချရဲတယ် ထပ်ပြီးအဲ့စကားထွက်ကြည့် ထွက်တဲ့သူကိုသေဒဏ်ပေးမယ် ဒါကိုယ်တော်ရဲ့ အမိန့်ပဲ

ကမ္ဘာ ခြားလည်းချစ်နေမယ်Where stories live. Discover now