အပိုင်း၂၇

1.4K 101 6
                                    

Unicode

အရှင် အရှင်...

ဘာဖြစ်တာလဲ ...

သခင်လေး ရှောင်ဟုန်မူးလဲသွားလို့

ဘာာ..အတော်ဆုံးသမားတော်တွေအကုန်သွားခေါ်လာခဲ့

ဟုတ် ဟုတ်ကဲ့ပါအရှင်

ယွဲ့မင် ရှောဂ်ဟုန်ရှိရာ အဆောင်ဘက်အလျှင်အမြန်ပင် ကိုယ်ဖော့ကာ သွားလိုက်သည်

အိပ်ယာထဲလဲနေသော ရှောင်ဟုန်ကိုတွေ့တော့
အလွန်အမင်းစိုးရိမ်သွားကာ

ရှောင်ဟုန်လက်လေးကိုဆွဲယူ ဆုပ်ကိုင်ထားလိုက်ပြီး ပါးပြင်ပေါ်ကပ်လိုက်ကာ

ရှောင်ဟုန်လေး ဘာဖြစ်ရတာ ဘာလို့ ခုလိုမျိုးတွေ ဖြစ်လာရတာလဲ..

အရှင် သမားတော်တွေရောက်လာပါပြီ

ထိပ်တန်းသမားတော်တွေဆယ်ဦးခန့်

သမားတော်တစ်ယောက်ကရှောင်ဟုန်ကိုစမ်းသပ်မည်အပြု

နေဦး ..မင်းလက်နဲ့ သူ့အသားကို တိုက်ရိုက်မထိတွေ့နဲ့ ထိလို့ကတော့ သတ်ပြစ်မယ်

သမားတော်အားလုံး ချွေးစေးများပြန်သွားကာ

ကျွန်တော်မျိုး လက်ကိုင်ပုဝါကိုအသုံးပြုလိုက်ပါ့မယ် အဲ့ဒါဆိုအဆင်ပြေနိုင်တယ်မလား

ငါ့ကိုပြန်မမေးနဲ့ ...

စမ်းသပ်အပြီး...

သူက ယင်းမျိုးနွယ်လား???

အဲ့ဒါကိုဘာလို့မေးတာလည်း မင်းအသတ်ခံချင်လို့လား အဲ့တာက သူ့ရောဂါနဲ့ဘာဆိုင်လို့လဲ

စိတ်မရှိပါနဲ့ ..ကျွန်တော်မေးရတဲ့အကြောင်းရင်းရှိလို့ပါ ယင်း မျိုးနွယ်တွေ က မိန်းကလေးကော ယောက်ျားလေးပါ ကိုယ်၀န်ဆောင်နိုင်တယ် ‌

ဘာာာ ဒါ ဒါဆို ရှောင်ဟုန်လေးက

ဟုတ်ကဲ့ ဂုဏ်ယူပါတယ် သခင်လေး သူ့မှာ ကိုယ်၀န်ရှိနေတာပါ

ဘယ် ဘယ်လိုလုပ်ပြီးတော့လဲ

ယင်းမျိုးနွယ်တွေရဲ့ ယောက်ျားလေးကိုယ်၀န်ဆောင်တွေက အနည်းဆုံး တစ်နှစ် နှစ်နှစ်နဲ့သုံးနှစ်ကြားမှာ သန္ဓေတည်တတ်တယ် အဲ့ဒါကြောင့် သခင်လေးတို့ အိမ်ထောင်စက်ကဘယ်လောက်များလဲ....

ကမ္ဘာ ခြားလည်းချစ်နေမယ်Onde histórias criam vida. Descubra agora