အပိုင်း၁၈

2K 143 15
                                    

Unicode

ဟေးး အကိုကြီးဘာလုပ်နေတာလဲ

ကျင့်ရှန့် မအိပ်သေးဘူးလား

ခဗျားကိုစောင့်နေတာလေ သော့ကခဗျားဆီမာ
ဘယ်လို၀င်အိပ်မလဲ ခဗျားကိုရှာရတာလဲ ပင်လယ်ထဲကျသွားတဲ့ အပ်ကိုရှာနေရသလိုပဲ

အဲ့လောက်ဒေါသမဖြစ်ပါနဲ့ ကိုယ်မေ့သွားလို့ပါ
လာပြန်ကြရအောင်

ခဗျားလက်ကိုဖယ်လိုက်စမ်း ပိုင်စိုးပိုင်နင်းနဲ့ လာဖက်စရာလား

တကယ်ဆို မင်းကကိုယ့်အပိုင်မဟုတ်လား

အမ်

ဟွားပေါင် အခုရှောင်ဟုန်လဲမရှိတော့ဘူးဆိုတော့
ကျင့်ရှန့်ကိုမင်းတာ၀န်ယူလိုက် မဟုတ်ဘူး မဟုတ်ဘူး လက်ထပ်လိုက် လက်ထပ်လိုက် ငါကတာ၀န်မယူနိုင်ဘူး ငါ့မာငါရည်ရွယ်ထားတဲ့သူရှိတယ်

အင်း

ကျင့်ရှန့်လွန်ခဲ့သောသုံးလခန့်ကဆုအိုင်ပြောသောစကားကိုပြန်လည်ကြားယောင်နေခြင်းဖြစ်သည်

ဘာ ဘာဆိုင်လဲ အဲ့လူကြီးပြောတာအတည်ယူလို့မရဘူးလေ ကျွန်တော်တို့ကတကယ်မှ
လက်မထပ်ရသေးတာကို

လက်ထပ်ချင်လား....

အာ ဘာ ဘာတွေလာမေးနေတာလဲ မြန်မြန်လျောက်ကျွန်တော်အိပ်ချင်နေပြီ

မင်းလေးက တူတူတောင်အိပ်ချင်နေပြီလား

ခဗျား မညစ်ပတ်နဲ့

မညစ်ပတ်ပါဘူး ကျင့်ရှန့်လေးက
ဘာတွေးမိလို့လဲ

ခ ခဗျား လူယုတ်မာ အာာားးးးးးးးး

ဟဟ ကိုယ့်ကိုစောင့်ဦးလေ ဘာလို့ပြေးနေတာလဲ

လူယုတ်မာကြီးးးးးးးး

။။။။။။။

ဟူးးးး သူတို့ကအတွဲကိုယ်စီနဲ့ဟုတ်နေတာပဲ ငါရှိတာတောင် ဂရုမစိုက်တော့ဘူး ဟွန့် အိမ်ပြန်တာပဲကောင်းတယ် ဆုအိုင်ကော ဟွားပေါင်ကော နောက်နေ့ လက်စားပြန်ချေရမယ် ဟွန့်

.
.
.
အားးအိပ်ယာလေးကနွေးနေတာပဲ

ဟင် ငါအခန်းတောင်မရှင်းရသေးဘူး ဒါ ဟိုအကောင်အ၀တ်တွေဖြစ်မယ် လွင့်ပြစ်လိုက်မယ်
ဟဟဟဟ

ကမ္ဘာ ခြားလည်းချစ်နေမယ်Waar verhalen tot leven komen. Ontdek het nu