ကိုယ်ပြန်လိုက်ပို့ပေးမယ်လေjay။
Jayကားငှားပြီးပြန်လိုက်ပါ့မယ်။ ကိုKaiတကူးတကနဲ့လိုက်ပို့စရာမလိုပါဘူး။
ကိုယ်ကjayကိုလမ်းကြုံလို့တင်ခေါ်ခြင်းမျိုးပါ။ဘယ်လိုလဲလိုက်မယ်မဟုတ်လား။
ကားလေးတရွေ့ရွေ့နဲ့လမ်းမထက်ပေါ်ပြေးလွှားကာ အရှိန်ပြင်းစွာမောင်းထွက်လာခဲ့လေသည်။
ကားထဲတွင်တိတ်ဆိတ်မှု့ကို Kaiကစတင်ဖြိုခွဲလေသည်။ jayကို ကိုယ်တစ်ခုလောက်မေးချင်တယ် ရမလား။
ဘာများလဲ။
Jayကရန်ကုန်ဇာတိပဲလား။ ကိုမင်းသွေးခန့်နဲ့ကော ဘာတော်လဲ အသိတွေလား၊ ဒါမှမဟုတ်ညီအကိုတွေများလား။ ရုပ်ချင်းကသိပ်မတူလို့မေးကြည့်တာနော်။ ကိုယ်စပ်စုသလိုဖြစ်သွားလား။
Jayကနယ်ဇာတိကပါ။ ဒီမှာအဒေါ်နဲ့နေပြီး ကျောင်းတက်ရင်း ဝါသနာပါရာကိုလုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။ ကိုမင်းသွေးခန့်နဲ့ကအသိတွေပါ။
ကိုယ်သိချင်တဲ့နောက်ဆုံးတစ်ခုလောက်ထပ်ဖြေပေးနိုင်မလား။ဘာသိချင်လို့လဲ jayဖြေပေးနထုင်ပါတယ်။
ဒါဆိုjayမှာရည်းစားရှိလား။
ဘာအတွက်မေးတာလဲ ကိုKai။ အခုထိတော့ jayမှာရည်းစားမရှိသေးပါဘူး။
ကားရပ်လိုက်တာနဲ့jayကားတံခါးဖွင့်ကားဆင်းလိုက်လေသည်။ အခုလိုလိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်ကိုKai။ ကျွန်တော်သွားတော့မယ်နော်။
See u jay။
Jayတစ်ယောက် Kaiကားမောင်းထွက်သွားတာကိုပင်မစောင့် ခြံတံခါးဖွင့်ကာ အိမ်ထဲကိုလျှင်မြန်သောခြေလှမ်းများဖြင့်လှမ်းကာ အိမ်ထဲသို့ဝင်လာကာ အောက်ထပ်တွင်သူရှိနေမလားဆိုသောအတွေးဖြင့် မျက်လုံးလေးဝေ့ကာရှာဖွေနေမိလေသည်။
သားjayတောင်ပြန်လာပြီလား။
ဟုတ်ကဲ့ကြီးခင်။ ကိုမင်းသွေးခန့်ကောဟင်။
အော် အခုလေးတင်အပေါ်ထပ်တက်သွားတယ်။
ကျွန်တော်အပေါ်ထပ်တက်သွားလိုက်အုံးမယ်။ jayပြန်ရောက်ပြီဆိုတဲ့အကြောင်းသွားပြောလိုက်အုံးမယ်။
أنت تقرأ
ကံကြမ္မာက ဖန်တီးပေးတဲ့ အချစ်
قصص الهواةဒါကျွန်တော် အရမ်းကြိုက်တဲ့ idolနှစ်ယောက်ဖြစ်"Min&Jayကို shipပေခြင်းဖြစ်ပါတယ်။ ဖတ်ပြီးအမှားပါခဲ့ရင်လဲနားလည်ပေးစေချင်ပါတယ်။ Fanficဖြစ်တဲ့ "ကံကြမ္မာက ဖန်တီးပေးတဲ့အချစ်" ကိုဖတ်ရှု့ပေးစေချင်ပါတယ်။ "ငါကမိန်းကလေးပဲကြိုက်တဲ့ယောကျ်ားတစ်ယောက် ယောကျ်ားလေးတစ်...
Chapter-9 .(Zawgyi)
ابدأ من البداية