အမြဲဒီလိုလေးဘဲနေသွားပါကလေးရယ်…ချစ်ရသူနဲ့တစ်သက်လုံးပျော်ရွှင်စွာနေသွားပါ
မင်လေးပျော်ရွှင်နေတာကြည့်ပြီးဦးလေးလည်း
ပျော်ပါတယ်…အမရေအမသားလေးကသူချစ်ရသူနဲ့ပျော်နေပြီလေ…အမြဲဒီလိုလေးဖြတ်သန်း
နိုင်အောင်အမကူညီပေးပါအမလည်းအဲနေရာကနေအမသားလေးအတွက်စိတ်အေးနိုင်မှာပါ……"

~~~~~~~

"မင်ယွန်းဂီ…………"

ထယ်ယောင်းရဲ့အော်သံဟာလေ့ကျင့်ကွင်းတစ်ခုလုံးကိုတုန်လူပ်သွားစေသလို…ချောမောလှပတဲ့မျက်နှာလေးမှာလည်းဒေါသတွေမီးဟုန်ဟုန်
တောက်နေသယောင်
အကြောင်းကတော့ထယ်ယောင်းတစ်ယောက်ယွန်းဂီနားလာရာလေ့ကျင့်ကွင်းထဲမှာတစ်ခြား
ကိုယ်ရံတော်တွေနဲ့ပုခုံးလေးကိုပုတ်လိုက်ပျာ်ရွှင်စွာစကားပြောနေသောယွန်းဂီကိုမြင်ပြီးဒေါသ
ထွက်နေခြင်းပင်
ကိုယ်မှာတော့မင်းသားတန်မဲ့သူကိုလေ့ကျင့်
ကွင်းထဲထိလာရှာရတာသူကတော့ဒီမှာပျော်ရွှင်စွာစကားဖောင်ဖွဲ့နေတယ်တဲ့…ကိုယ်အပေါ်ဆိုအမြဲအေးစက်နေတဲ့သူကတစ်ခြားသူတွေကျဘာလို့ဒီလောက်ပျော်ရွှင်နေရတာလဲ……

"မင်းသားဘာဖြစ်လို့ပါလဲ…ပြီးဒီထိတောင်ဘာကိစ္စများရှိလို့ပါလဲ"
"နောက်ကလိုက်ခဲ့"

ပြောပြီးတာနဲ့ထွက်သွားတဲ့မင်းသားထယ်
ယောင်းနောက်ယွန်းဂီကတော့နားမလည်ခြင်းများစွာနဲ့နောက်ကလိုက်ခဲ့ရလေသည်………
ထယ်ယောင်းကတော့နန်းတော်ရဲ့ဥယျာဉ်ရှိကြာကန်လေးနားရောက်မှာရပ်လိုက်ပြီးယွန်းဂီဘက်လှည့်ကာ

"ကိုယ်ရံတော်မင်ဘာလုပ်နေတာလဲ"
"ဗျာ………မင်းသားဘာကိုဆိုလိုတာ………"
"လေ့ကျင့်ကွင်းမှာလေ……ဘာဖြစ်နေတာလဲ
လက်ပုတ်လိုက်ပုခုံးလေးကိုပုတ်လိုက်တဲ့တော်
တော်ပျော်နေမှာဘဲ"

ထယ်ယောင်းကသာပြောနေပေမယ့်ကိုယ်ရံ
တော်မင်ယွန်းဂီကတော့တစ်လုံးမှာနားမလည်

"မင်းသား……ဘာဖြစ်လို့ပါလဲ…အဲဒါကကိုယ်ရံတော်အဖွဲ့ကတွေပါဒီတိုင်းစကားပြောနေကြတာပါ"
"အော်ရိုးရိုးစကားပြောလို့ပုခုံးလေးဖက်လိုက်
ခေါင်းလေးကိုပုတ်လိုက်လုပ်နေတာလား…
နောက်မပြောနဲ့ဒါကျနော်အမိန့်ဘဲ"
"ဘာကြောင့်ဒီလိုတွေပြောနေလည်းနားမ
လည်ပေမယ့်မင်းသားကကျနော်ကိုယ်ရေး
ကိုယ်သာကိုဝင်ပြီးအမိန့်ပေးနေတာတော့တစ်မျိုး……"
"ကျနော်မကြိုက်ဘူး……ကျနော်ချစ်တဲ့သူကကျနော်ပေါ်ကျအေးစက်ပြီးသူများပေါ်ကျနွေး
ထွေးနေတာကျနော်မကြိုက်ဘူး"

မင်းသားလေးရဲ့ကြင်ယာတော်(completed)Where stories live. Discover now