လေနှင်ရာအတိုင်းရွေ့လျားသွားသည့် တိမ်တိုက်
လေးသဖွယ် သူ့မျက်စိရှေ့က ဂွမ်းကပ်စောင်ဖြူ
အလုံးလိုက်လေးသည် ဖြည်းဖြည်းချင်းလှုပ်ရှား
လာသည်။ အပျင်းကြောဆန့်ထုတ်လိုက်သည့်
လက်သီးဆုပ်လေးတစ်ဖက်နှင့်အတူ ပြည့်ပြည့်
ဝိုင်းဝိုင်း လပြည့်ဝန်းလေးသည် ထိုခြုံစောင်ထဲ
မှ အစဉ်လိုက်လေး ထွက်ပေါ်လာသည်။သူက
တော့ ထိုလှုပ်ရှားမှုလေးရဲ့ ဆွဲဆောင်မှုအောက်
မှာ မျက်တောင်တစ်ချက်မခတ်နိုင်အောင် မျောပါနေမိသည်။

"ဟွန်း"

မျက်လုံးပွင့်လာပေမဲ့ မနေ့ကလိုပြုံးပြုံးရွှင်ရွှင်
နိုးထလာခြင်းမဟုတ်ဘဲ Jungkook ကို မကျေ
နပ်သလိုကြည့်ကာ နှာမှုတ်ပြီးသွားမှ  ရေချိုးခန်းထဲဝင်သွားလေသည်။ Jungkookက အိပ်ရာခင်း
နှင့် ဂွမ်းကပ်စောင်တို့ကို သေသပ်စွာခေါက်သိမ်း
ပြီးမှ အလုပ်သွားဖို့ အဝတ်အစားလဲပြီး အခန်း
အပြင်ဘက်သို့ထွက်ခဲ့လိုက်သည်။

ရေချိုးခန်းထဲက ပြန်ထွက်လာတဲ့ Jiminကတော့
သူ့ကိုတွန်းတိုက်ပြီးမှ အခန်းထဲပြန်ဝင်သွားလေ
သည်။နိုးနိုးချင်း ဘာတွေများ စိတ်ကောက်နေရ
သလဲဆိုတာ Jungkookနားမလည်နိုင်။ Jimin
က သူ့အပေါ်စိတ်ဆိုး စိတ်ကောက်သည်ဆိုတာ
မျိုးက ရှားပါးလှတာမို့ ဒီလိုမျိုးJiminဘက်က
မျက်နှာညိုနေတဲ့အခါမျိုးမှာ မနေတတ် မထိုင်
တတ်ဖြစ်မိတာ အမှန်ဖြစ်သည်။သူက အဖြစ်ရှိ
အောင် ချော့တတ်တဲ့သူမျိုးလဲ မဟုတ်တော့
စိတ်ဆိုးပြေတဲ့အချိန်အထိ ဘေးနားမှာငြိမ်ပြီး
တွယ်ကပ်နေဖို့လောက်ပဲ လုပ်တတ်သည်။

Jiminက စိတ်ဆိုးနေတော့လဲ တစ်မျိုးချစ်ဖို့
ကောင်းသည်။နှုတ်ခမ်းလုံးလုံးလေးကို သိသိ
သာသာဖြစ်အောင်ပင် ဆူထော်ထားကာ မျက်
ခုံးနှစ်ခုကလဲ ထိကပ်တော့မတတ် ကျုံ့ပြထား
ရသေးသည်။ စိတ်ဆိုးနေမှန်းသိအောင် တွန်း
တွန်းတိုက်တိုက်ကလဲ လုပ်ပြရသေးသည်။

Jungkookက သူ့ရဲ့မူလ အစီအစဉ်အတိုင်း
Jiminအခန်းထဲပြန်ဝင်သွားတဲ့အချိန်မှာ မွေးနေ့
ကိတ်လေးကိုပြင်ဆင်ပြီး အခန်းရှေ့မှာ ရပ်စောင့်နေလိုက်သည်။ခဏကြာတော့Jimin တစ်ယောက် အခန်းထဲက ပြန်ထွက်လာသည်။ ညက
ဝတ်လာတဲ့ အဝတ်အစားတွေပြန်လဲထားတဲ့ ထို
ကလေးက တံခါးဖွင့်ဖွင့်ချင်းပဲ မျက်စောင်းကလဲ
ထိုးပြီးလျက်သားဖြစ်နေသေးသည်။

Unconditional LoveWhere stories live. Discover now