"အလုပ်မသွားချင်တော့ဘူး"

ကမ္ဘာပျက်နေသည့်သူနှင့် ဆန့်ကျင်စွာပဲ အေး
ချမ်းစွာအိပ်မောကျနေသည့် ထိုကလေးရဲ့ပါးပြင်
လေးကို ဒုတိယအကြိမ် နမ်းရှိုက်ပြီးမှပဲ အခန်း
အပြင်သို့ ထွက်ခဲ့နိုင်သည်။

ပုံမှန်မနက်ခင်းတွေအတိုင်းပဲ ကိုယ်လက်မသန့်
စင်မီ အိမ်ရှေ့တံစက်မြိတ်မှာ ချိတ်ဆွဲထားသည့်
အပင်သေးသေးတို့ကို အအေးဓာတ်ပက်ဖြန်းပေး
လိုက်သည်။ ထိုစဉ်-

"အစ်ကိုရေ..."

အသံလာရာဘက်သို့လှည့်ကြည့်လိုက်တော့
လှေကားထစ်ကနေတက်လာတဲ့ ကောင်လေး
တစ်ယောက်... လက်ထဲမှာလဲ လေးထောင့်
ဘူးတစ်ဘူးကို ကိုင်ထားသေးသည်မို့ မနေ့ည
က လှမ်းမှာထားသည့် မွေးနေ့ကိတ်လေးလာ
ပို့ပေးတာပဲ ဖြစ်မည်။

"မနေ့က မှာထားတဲ့ကိတ်လေး လာပို့တာပါ"

"အစောကြီးပဲ... ကျေးဇူးနော်"

"ဟုတ်ကဲ့ ..."

အပင်လေးတွေကို ရေလောင်းပြီးမှ ကိန်မုန့်ဘူး
လေးကိုယူရင်းအခန်းထဲပြန်ဝင်ခဲ့ကာကိုယ်လက်
သန့်စင်လိုက်သည်။ ပြီးနောက် ကောင်လေး
အတွက် မနက်စာပြင်ဆင်ထားလိုက်သည်။
အားလုံးပြင်ဆင်ပြီးလို့ အခန်းထဲ ပြန်ဝင်လာ
သည်အထိ Jungkookရဲ့ ခိုနားရာလေးကတော့
အိပ်စက်လို့ကောင်းနေတုန်းပင်။

ခရုလေးတစ်ကောင်လိုဂွမ်းကပ်စောင် အခွံထဲကို
တစ်ကိုယ်လုံးနစ်မြုပ်နေအောင် တိုးဝင်နေတဲ့
ကောင်လေးရဲ့ ခန္ဓာကိုယ်က ပြတင်းပေါက်က
တိုးဝင်လာတဲ့ အလင်းတန်းကို ရှောင်လွှဲပြီးဆက်
အိပ်နေပုံပေါ်ကာ အိပ်ရာခင်းပေါ်မှာရှိမနေတော့
ဘဲ ကြမ်းခင်းဘက်သို့ တဖြည်းဖြည်းနယ်ကျော်
နေပြီဖြစ်သည်။

ဒီလိုစုတ်ချာချာ အခန်းကျဉ်းထဲမှာလဲ နှစ်နှစ်
ခြိုက်ခြိုက်အိပ်ပျော်နေနိုင်သေးတာပဲလား။
ခဏနေရင်အလုပ်သွားရတော့မှာဖြစ်တာကြောင့်
Jimin ဒီမှာ ဆက်အိပ်ချင်နေရင် အိပ်နေခဲ့လို့
ရအောင် ခဏလောက်နှိုးပြီး အသိပေးခဲ့ဖို့ကြိုး
စားကြည့်လိုက်သည်။

"Jimin...Jiminရေ"

"ကိုကို အပြင်သွားတော့မလို့။ Jimin အိပ်
ချင်ရင် ဆက်အိပ်နေခဲ့နော်"

Unconditional LoveDär berättelser lever. Upptäck nu