အပိုင်း-၂ (Zawgyi)

Start from the beginning
                                    

ငြိမ်းချမ်းစွာTVကြည့်နေတဲ့ ဇနီးဖြစ်သူကို ဉီးစစ်သွေးပြောပေမဲ့လည်း ဇနီးလုပ်သူက ခပ်ပြုံးပြုံးသာ

"သူတို့အစ်ကိုစီစဉ်လိမ့်မယ်​စိုးရိမ်မနေနဲ့"

စစ်မင်းထက်တို့အိမ်မှာ ဉီးစစ်သွေးထက် အစ်ကိုအကြီးဆုံးဖြစ်တဲ့ စစ်သူရစကားသာလျှင် အငယ်နှစ်ကောင်သည်တုန်နေအောင်ကြောက်ကြသည်။

ဟိုကအလိုလိုက်ရင်လည်းဘယ်သူမှမမှီအောင်လိုက်နိုင်သလို ဆူပြီးဟေ့ဆိုရင်လည်း အငယ်နှစ်ယောက်လုံးမျက်ရည်ကျတဲ့ထိကို ကြောက်ကြသည်။

"အဆိုးလေးနှစ်ယောက် ကိုကိုကြားတယ်နော် အခုတလောတအားဆိုးနေတယ်ဆို"

အိမ်ပေါ်ထက်ကနေဆင်းလာတဲ့ အစ်ကိုကိုလည်းတွေရော ပြေးသွားကြတာများ တန်းနေတာပဲ...

"မဟုတ်ပါဘူး ကိုကိုကလည်း မှူး မဆိုးပါဘူးနော်"

"ဒါဆို ငါကဆိုးနေတာလား"

စစ်မှူးသွယ်နဲ့စစ်မင်းထက်သည် အသက်တစ်နှစ်ခွဲလောက်ပဲကွာကြတာမို့ တစ်ခါတစ်လေစိတ်ဆိုးစိတ်ကောက်ကြရင် နင်နဲ့ငါနဲ့ပြောတတ်ကြသည်။

"ကိုစစ် စကားပြောမရိုင်းရဘူး!!"

အစ်ကိုလုပ်သူက နည်းနည်းတည်သွားတာနဲ့ စစ်မင်းထက်သည်ခွေးပေါက်လေးလို အမြှီးကုပ်သွားတတ်သည်။

"သားကြီးရာ မင်းပဲပြောတော့ အဲ့မျောက်နှစ်ကောင်ကြောင့် ပါးပါးခေါင်းမူးနေပြီ တကယ်ပဲ"

ပါးပါးသည်အသက်၅၀​ထဲရောက်နေပြီမို့ အလုပ်ကိစ္စတွေအကုန်လုံးကို ကိုကြီးဆီလွဲပေးထားတာမို့ စိတ်ညစ်စရာတွေရှိလာလို့ကတော့ သူ့သားဆီအကုန်တိုင်ပြောတော့သည်။ အခုလည်းထိုအတိုင်းပဲ တိုင်ပြောနေတော့သည်

"ပါးပါးရယ် အရမ်းစိတ်တိုမနေပါနဲ့ သားစီစဉ်လိုက်မယ် အေးအေးဆေးဆေးသာအနားယူနေနော်"

သားဖြစ်ရဲ့ပုခုံးလေးကိုပုတ်ပြီး စာဖတ်ခန်းထဲဝင်သွားတဲ့ ဉီးစစ်သွေးအသွင်က ပကတိအေးဆေးတည်ငြိမ်လို့...

"ကိုစစ်နဲ့မှူးသွယ် နှစ်ယောက်လုံးထိုင်ကြဉီး ကိုကိုပြောစရာရှိတယ်"

If only I had loved U(ငါသာမင်းကိုချစ်ခဲ့လျှင်) (Own Creation)Where stories live. Discover now