မင်းဒင်ရဲ့ မိန်းမဆီ သေနတ်ချိန်လိုက်တာကြောင့် မင်းဒင်ရဲ့ အသံတွေက တုန်ယင်နေပြီး...''မဟူရာ..ငါ..ငါပြောပါ့မယ်။
ငါ့မိန်းမနဲ့ ကလေးတွေကိုတော့ အသက်ရှင်ခွင့်ပေးပါ မင်းငါ့ကိုသတ်ချင်ရင် သတ်လိုက်လို့ရတယ်။''

''ဒေါ်မဟေသီစိုးက ခိုင်းလို့ ငါတို့လုပ်ရတာပါ။''

''မဟေသီစိုး...ဒီမိန်းမကြီးက ငါနဲ့ဘာရန်ငြှိုးရှိလို့လည်း..သူကဒီလိုလုပ်ရအောင်..''

''Xကြီး..သုတရဲ့ မိသားစုအကြောင်းသေချာစုံစမ်းပေး..ငါ့ကို''
''မနက်ဖြန်မနက် ငါအကြောင်းစုံသိချင်တယ်..သွားတော့။''

''ဟုတ်ကဲ့..boss..''

သစ်ထူးကတော့ ဘုရားတရားမနေရပြီ
သေနတ်ပြောင်းဝက သူ့ဆီ ဦးတည်နေတဲ့အတွက်...

''ကဲ မင်းမသိစေချင်တဲ့ အရာကို မင်းရဲ့အကိုက ငါ့ဆီဖွင့်ပြောလိုက်ပြီလေ..ဘာကြောင့်မင်းကမပြောချင်ရတာလဲ..ဟမ်း..ငါမေးနေတယ်လေ. ဖြေ..ဖြေစမ်းပါ..အရူးကောင်ရဲ့။''

သစ်ထူးရဲ့ခေါင်းကို သေနတ်လက်ကိုင်နဲ့ ပိတ်ထုပစ်လိုက်တဲ့အတွက် နားထင်ဆီမှ
သွေးစတချို့ စီးကျလာတဲ့ သစ်ထူး။

''အာ့..ငါ..ကဘာလို့ပြောရမှာလည်း..အဟက်.''

''သေတော့မှာတောင် ခေါင်းကျောမာနေတဲ့ကောင်..ငါမေးရင် ပြန်ဖြေတာပဲကြိုက်တယ် ကန့်လန့်တိုက်ရင် ဘာဖြစ်မယ်ဆိုတာ မင်းမသိလို့လား။''

''မသိဘူး..ဆိုရင်ရော..ဟားဟားဟား...''

နောက်တချက် ပိတ်ရိုက်လိုက်တဲ့အတွက်
နေရာတင် သတိလစ်သွားတဲ့ သစ်ထူး။

''တောက်..ငါ့ကို အာခံတဲ့ကောင် မင်းလမ်းမင်းရွေးလိုက်တာ. ''

''မဟေသီစိုး..ခင်ဗျားနဲ့ကျုပ်နဲ့ မကြာခင်ဖြေရှင်းချက်တွေနဲ့ ရှင်းကြသေးတာပေါ့။''

ဂိုဒေါင်ထဲကထွက်လာပြီး ရေချိုးခန်းထဲတန်းဝင်သွားတဲ့ မဟူရာ..
သူ့စိတ်တွေက အရမ်းကို ဒေါသမွှန်နေတဲ့အတွက် နံရံဆီ ပြစ်ထိုးထားတဲ့လက်တွေမှာ သွေးတွေအလိမ့်လိုက်ထွက်နေပြန်တယ်။

ရေချိုးပြီး သူ့ကလေးကို ထားထားတဲ့အခန်းလေးဆီ ဝင်လာခဲ့ပြန်တယ်။

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now