Part 19 (Unicode)

221 14 2
                                        

Flukeအိပ်ယာနိုးတော့ Ohmရဲ့ရင်ခွင်ထဲကိုရောက်နေလေသည်။FlukeလဲOhmရင်ခွင်ထဲကတိုးထွက်ကာOhmရဲ့နဖူးလေးကိုနမ်းလိုက်လေသည်။

ပီးနောက် ကုတင်ပေါ်မှအသာလေးဆင်းကာ ရေချိုးခန်းထဲဝင်သွားကာ ရေချိုးနေလိုက်သည်။

Flukeရေချိုးပီးလို့ပြန်ထွက်လာတဲ့အချိန်အထိ Ohmကမနိုးသေးပေ။သူညကအရက်တွေအရမ်းသောက်လာခဲ့တော့ ခုထိမထနိုင်ဘဲအိပ်ပျော်နေလေတော့သည်။

Flukeလဲအိပ်ပျော်နေတဲ့Ohmဘေးနားကိုသွားထိုင်လိုက်ကာOhmရဲ့ပါးလေးကိုကိုင်ပီးနှိုးလိုက်လေသည်။

Fluke: ကိိုကို ကိုကို မိုးလင်းနေပီ ထတော့လေ

Flukeအတင်းနှိုးတော့မှ Ohmတစ်ယောက်မျက်လုံးကိုပွတ်သတ်ကာ အားယူပီးဖွင့်လိုက်လေတော့သည်။

Ohm: အင်းးးးးအစောကြီးရှိသေးတယ်မလား

Fluke: ဘယ်ကသာစောရမှာလဲ ၈နာရီခွဲနေပီကိုကိုရဲ့

အဲ့တော့မှOhmလဲထထိုင်လိုက်ကာ

Ohm: ဟင် ၈နာရီခွဲနေပီ ဟုတ်လား

Fluke: အင်း ဟုတ်တယ် ၈နာရီခွဲနေပီ

Ohm: ဟာ ကိုကိုဆိုင်ကိုသွားရအုံးမှာဘဲ မျက်နှာသွားသစ်တော့မယ်

မျက်နှာသွားသစ်ရန်ပြင်နေတဲ့Ohmရဲ့လက်ကိုFlukeဆွဲထားလိုက်ကာ

Fluke: နေအုံးကိုကို မေးစရာရှိတယ်

Ohm: အင်း မေးလေ ဘာမေးမှာလဲ

Fluke: ကိုကိုညကပြောတာတွေကတကယ်လား

Ohm: ဟင်.....ညကပြောတာဟုတ်လား

Fluke: သေချာစဥ်းစားကြည့်ပါအုံးကိုကို

Ohmလဲခဏလောက်စဥ်းစားလိုက်တော့ညကအဖြစ်အပျက်တွေကိုသူ့မျက်လုံးထဲမှာ အစဥ်လိုက်ပြန်မြင်ယောင်လာလေသည်။

Ohmကအရက်မူးလာပီး ပြန်နိုးရင်သူများတွေလိုမမေ့တတ်ဘူးလေ။သူသေချာပြန်စဥ်းစားရင်အကုန်လုံးကိုပြန်မှတ်မိနေတတ်တယ်။

ခုလဲသူပြန်မှတ်မိသွားပီး Flukeကိုမျက်နှာငယ်လေးနဲ့ကြည့်ကာ

Ohm: ကလေးကိုကို တောင်းပန်ပါတယ်နော်

Fluke: ကိုကိုကဘာတွေတောင်းပန်နေတာလဲ

ကလေးရဲ့ကိုကိုWhere stories live. Discover now