041 ( Darkness-23 )

416 39 0
                                    

သဝန်မတိုတော့မှာကိုကြောက်ပါ
အသေးစိတ်ကအစကြည့်ပြီး
လိုက်မပြောတော့မှာကိုကြောက်ပါ
မိုးရွာတိုင်းမင်းကိုရှိစေချင်ကြောင်း
မပြောတော့မှာကို ကြောက်ပါ
ကောင်းသောညပါ လို့
မပြောတော့မှာကို ကြောက်ပါ
ဘာလုပ်ပြီးကြောင်း၊ ဘယ်ရောက်နေကြောင်း
မင်းကိုမတင်ပြဖြစ်တော့မှာကို ကြောက်ပါ
ငါ့ဘက်ကအရင်စကားစမပြောတော့မှာကို ကြောက်ပါ
တခြားတစ်ယောက်နဲ့ မင်းပျော်နေတာကိုကြည့်ပြီး
ငါဘာမှမဖြစ်တော့မှာကို ကြောက်ပါ
အတူတူထွက်ဖြစ်မယ့်ခရီးတွေအကြောင်း
မပြောတော့မှာကို ကြောက်ပါ
ငါအနေနဲ့ မင်းမရှိဘဲ
အဆင်ပြေသွားမှာပါ ကိုကြောက်ပါ

ထပ်ခါ ထပ်ခါ ပြောခဲ့ဖူးသလိုပေါ့ အချစ်ရယ်
ငါမင်းကိုမချစ်တော့မှာကို ကြောက်ပါ ... ။

*********

သဝန္မတိုေတာ့မွာကိုေၾကာက္ပါ
အေသးစိတ္ကအစၾကည့္ၿပီး
လိုက္မေျပာေတာ့မွာကိုေၾကာက္ပါ
မိုး႐ြာတိုင္းမင္းကိုရွိေစခ်င္ေၾကာင္း
မေျပာေတာ့မွာကို ေၾကာက္ပါ
ေကာင္းေသာညပါ လို႔
မေျပာေတာ့မွာကို ေၾကာက္ပါ
ဘာလုပ္ၿပီးေၾကာင္း၊ ဘယ္ေရာက္ေနေၾကာင္း
မင္းကိုမတင္ျပျဖစ္ေတာ့မွာကို ေၾကာက္ပါ
ငါ့ဘက္ကအရင္စကားစမေျပာေတာ့မွာကို ေၾကာက္ပါ
တျခားတစ္ေယာက္နဲ႕ မင္းေပ်ာ္ေနတာကိုၾကည့္ၿပီး
ငါဘာမွမျဖစ္ေတာ့မွာကို ေၾကာက္ပါ
အတူတူထြက္ျဖစ္မယ့္ခရီးေတြအေၾကာင္း
မေျပာေတာ့မွာကို ေၾကာက္ပါ
ငါအေနနဲ႕ မင္းမရွိဘဲ
အဆင္ေျပသြားမွာပါ ကိုေၾကာက္ပါ

ထပ္ခါ ထပ္ခါ ေျပာခဲ့ဖူးသလိုေပါ့ အခ်စ္ရယ္
ငါမင္းကိုမခ်စ္ေတာ့မွာကို ေၾကာက္ပါ ... ။

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now