038 ( Darkness-22 )

437 42 0
                                    

အခုနောက်ပိုင်းတော့
ပြန်လိုချင်လား၊
အရင်လိုဆက်ဆံရေးပြန်ဖြစ်ချင်လား လို့
လာမေးရင် ဟင့်အင်း လို့ပဲငါပြန်ဖြေမိတယ် အချစ်ရယ်။

မင်းစိတ်ကလေးကြည်နေစေချင်တယ်ဆိုတာ
စိတ်ရင်းအမှန်ပါ။
မင်းရပ်ဝန်းကရာသီဥတုလေး
နွေးထွေးနေစေချင်တယ်ဆိုတာ
စိတ်ရင်းအမှန်ပါ။

မင်းအိမ်နဲ့လည်းအဆင်ပြေစေချင်တယ်
မင်းသူငယ်ချင်းတွေနဲ့လည်းအဆင်ပြေစေချင်တယ်
မင်းသက်ဆိုင်သူနဲ့လည်းအဆင်ပြေစေချင်တယ်
ခပ်ရှင်းရှင်းပြောရရင်
လမ်းသွားရင်း
ခလုတ်တောင်မတိုက်စေချင်ပါဘူးကွယ်။
မင်းစိတ်ကိုညစ်စေမယ့်အရာမျိုး
ဘယ်ဟာမှမကြုံစေချင်ဘူး
ဒါဟာတကယ်စိတ်ရင်းအမှန်ပါပဲ။

သက်ဆိုင်သူနဲ့အတူတူပြုံးနေတဲ့ပုံပဲဖြစ်ဖြစ်
မင်းတစ်​ယောက်တည်းပြုံးနေတဲ့ပုံပဲဖြစ်ဖြစ်
မင်းမျက်ဝန်းအိမ်ထဲမှာဘယ်သူပဲရှိနေရှိနေ
ငါကတော့မင်းပျော်ရင်
လိုက်ပျော်လိုက်တာပဲ။

ငါ့ချစ်ခြင်းမေတ္တာဟာအကြည်ရောင်ပါ
ယုံချင်ယုံ၊ မယုံချင်နေ
အဆုံးထိချစ်သွားရမှာငါ့တာဝန်မှတ်လား။

မင်းမသိလည်းဖြစ်ပါတယ်
ပြန်လိုချင်လား မေးတဲ့အခါ
မလိုချင်တော့ပါဘူး လို့စိတ်သန့်သန့်နဲ့ငြင်းပါ့မယ်

ဘုရားရှိခိုးတိုင်း
မင်းဆီမေတ္တာပို့ရခြင်းဟာ
ပြန်လာစေချင်တာ မဟုတ်ပါဘူး
မင်းတစ်နေ့တာကိုသာယာစေချင်တာပါ။

#Meldian

*******

အခုေနာက္ပိုင္းေတာ့
ျပန္လိုခ်င္လား၊
အရင္လိုဆက္ဆံေရးျပန္ျဖစ္ခ်င္လား လို႔
လာေမးရင္ ဟင့္အင္း လို႔ပဲငါျပန္ေျဖမိတယ္ အခ်စ္ရယ္။

မင္းစိတ္ကေလးၾကည္ေနေစခ်င္တယ္ဆိုတာ
စိတ္ရင္းအမွန္ပါ။
မင္းရပ္ဝန္းကရာသီဥတုေလး
ႏြေးေထြးေနေစခ်င္တယ္ဆိုတာ
စိတ္ရင္းအမွန္ပါ။

မင္းအိမ္နဲ႕လည္းအဆင္ေျပေစခ်င္တယ္
မင္းသူငယ္ခ်င္းေတြနဲ႕လည္းအဆင္ေျပေစခ်င္တယ္
မင္းသက္ဆိုင္သူနဲ႕လည္းအဆင္ေျပေစခ်င္တယ္
ခပ္ရွင္းရွင္းေျပာရရင္
လမ္းသြားရင္း
ခလုတ္ေတာင္မတိုက္ေစခ်င္ပါဘူးကြယ္။
မင္းစိတ္ကိုညစ္ေစမယ့္အရာမ်ိဳး
ဘယ္ဟာမွမႀကဳံေစခ်င္ဘူး
ဒါဟာတကယ္စိတ္ရင္းအမွန္ပါပဲ။

သက္ဆိုင္သူနဲ႕အတူတူၿပဳံးေနတဲ့ပုံပဲျဖစ္ျဖစ္
မင္းတစ္​ေယာက္တည္းၿပဳံးေနတဲ့ပုံပဲျဖစ္ျဖစ္
မင္းမ်က္ဝန္းအိမ္ထဲမွာဘယ္သူပဲရွိေနရွိေန
ငါကေတာ့မင္းေပ်ာ္ရင္
လိုက္ေပ်ာ္လိုက္တာပဲ။

ငါ့ခ်စ္ျခင္းေမတၱာဟာအၾကည္ေရာင္ပါ
ယုံခ်င္ယုံ၊ မယုံခ်င္ေန
အဆုံးထိခ်စ္သြားရမွာငါ့တာဝန္မွတ္လား။

မင္းမသိလည္းျဖစ္ပါတယ္
ျပန္လိုခ်င္လား ေမးတဲ့အခါ
မလိုခ်င္ေတာ့ပါဘူး လို႔စိတ္သန့္သန့္နဲ႕ျငင္းပါ့မယ္

ဘုရားရွိခိုးတိုင္း
မင္းဆီေမတၱာပို႔ရျခင္းဟာ
ျပန္လာေစခ်င္တာ မဟုတ္ပါဘူး
မင္းတစ္ေန႕တာကိုသာယာေစခ်င္တာပါ။

#Meldian

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now