ဩဇီရဲ့အထာနဲ့ ပြိုင်ပွဲဝင်ရမယ့်နေရာတွေ
ဩဇီသူ ဩဇီသားတွေရဲ့ skating rate တွေကိုရော ၊ တခြားပြိုင်ပွဲဝင်တွေကိုရော သူအကဲခတ်သင့်သည် မဟုတ်လား ။ ‌
သွားနေရမယ့်ကြာချိန်ကတော့ တစ်လကျော်ကျော်လောက်ပေါ့

ဩဇီကို အမေကလိုက်ပို့ပေးသည် ။ ဒီနေ့

ညီမလေးကလည်း လေဆိပ်မှာငိုသည် ။ မခွဲနိုင်လို့ထင်ပါရဲ့
ကျွန်တော် ပတ်ဆောင်းဟွန်းကို မိသားစုကအရမ်းချစ်ကြတာပဲ

ဒေါ်လေးအိမ်ရောက်တာ ဒီနေ့နဲ့ဆို နှစ်ရက်
စကိတ်စီးလေ့ကျင့်ဖို့လောက်ကလွဲရင် သူအိမ်ပြင်မထွက်

" ဆောင်းဟွန်းရေ "

" ဟုတ် ဒေါ်လေး "

" ရောက်တဲ့နေ့ကတည်းက မနားပဲ လေ့ကျင့်နေရလောက်တဲ့ထိ စိတ်အားထက်သန်နေတာလားကွယ် "

" ဟီးဟီး ဒီလိုပါပဲ "

" ဒီနေ့တော့ နားပြီး ခြံထဲဘာထဲ အေးအေးဆေးဆေး လမ်းလေးဘာလေးဆင်းလျှောက်ပါအုံး "

" ဟုတ် "

သူ့အဒေါ်က တဇွတ်ထိုးသမားမို့ စကားနားထောင်ပြီး ဒီနေ့တော့ နားဖို့ဆုံးဖြတ်မိသည် ။

ခြံကို ထွက်ထွက်ခြင်း နှင်းတွေက အဖွေးသား လမ်းပေါ်မှာ ကောဇောအဖြူကြီးခင်းထားသလို

လမ်းကလေးကအရမ်းအကျယ်ပေမဲ့ အရမ်းမကျဉ်း ဒီနှင်းနဲ့ ဒီလမ်းအကွာအဝေးနဲ့ဆို ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် နှင်းလုံးပစ်တမ်းဆော့ဆော့လို့ရလောက်သည် ။

" ဘတ် !"

ဘတ်ခနဲအသံနဲ့အတူ နဖူးပေါ်ကိုအရှိန်ပြင်းစွာကျရောက်လာသော တစ်စုံတစ်ခု ထို့အပြင် ပက်လက်လန်လဲသွားသော ဆောင်းဟွန်း

ခေါင်းတောင် ချာကနဲဖြစ်သွားပြီး ငုတ်တုတ်ပြန်ထထိုင်လိုက်သည်။
နဖူးပေါ်ကိုစမ်းကြည့်တော့ အဖြူရောင်အလုံးလိုက်က ကပ်နေဆဲ

" နှင်းလုံးလား "

" Are you ok ?! "

လှမ်းအော်တဲ့အသံကြားလို့ကြည့်လိုက်မိတော့
မျက်နှာချင်းဆိုင်အိမ်က ဩဇီသားလေးတွေ

SUPPORT SYSTEM FOR LIFE [SUNGJAKE]✓Dove le storie prendono vita. Scoprilo ora