030 ( Darkness-20 )

495 42 2
                                    

"မင်းကိုယ်မင်း ဂရုစိုက်ပါ" လို့ပြောတဲ့အခါ
ငါ့စကားကိုဘေးပို့ပြီး
အဲ့ဒီလူကိုပဲဂရုစိုက်နေမှာမလား။

အချစ်ခံရတဲ့အရပ်မှာနေပါ
ငါမဟုတ်လည်း
တခြားတစ်ယောက်ယောက်ရဲ့အရပ်မှာဖြစ်ဖြစ်။

အဓိက က ပျော်စေချင်တာပါ
ငါမဟုတ်လည်းတခြားတစ်ယောက်နဲ့ဖြစ်ဖြစ်။

မင်းခါးခါးသီးသီးဖြစ်နေတဲ့ငါ့ကိုမဟုတ်ဘဲ
မင်းခံစားချက်နည်းနည်းလေးရှိတဲ့လူကိုဖြစ်ဖြစ်ပေါ့။
မင်းကနည်းနည်းချစ်ပြီး
မင်းကိုများများချစ်တဲ့လူပေါ့။

ကိုယ်ကချစ်ရတဲ့လူဆီမှာတွယ်ကပ်မနေဘဲ
ကိုယ့်ကိုချစ်တဲ့လူတစ်ယောက်ယောက်ဆီမှာ
နေထိုင်စေချင်တာ။

စိတ်ရင်းအမှန်ပါပဲ
ပျော်စေချင်တာရော
ငါနဲ့မဟုတ်လည်းဖြစ်တာရော ... ... ။

#Meldian

*************

"မင္းကိုယ္မင္း ဂ႐ုစိုက္ပါ" လို႔ေျပာတဲ့အခါ
ငါ့စကားကိုေဘးပို႔ၿပီး
အဲ့ဒီလူကိုပဲဂ႐ုစိုက္ေနမွာမလား။

အခ်စ္ခံရတဲ့အရပ္မွာေနပါ
ငါမဟုတ္လည္း
တျခားတစ္ေယာက္ေယာက္ရဲ႕အရပ္မွာျဖစ္ျဖစ္။

အဓိက က ေပ်ာ္ေစခ်င္တာပါ
ငါမဟုတ္လည္းတျခားတစ္ေယာက္နဲ႕ျဖစ္ျဖစ္။

မင္းခါးခါးသီးသီးျဖစ္ေနတဲ့ငါ့ကိုမဟုတ္ဘဲ
မင္းခံစားခ်က္နည္းနည္းေလးရွိတဲ့လူကိုျဖစ္ျဖစ္ေပါ့။
မင္းကနည္းနည္းခ်စ္ၿပီး
မင္းကိုမ်ားမ်ားခ်စ္တဲ့လူေပါ့။

ကိုယ္ကခ်စ္ရတဲ့လူဆီမွာတြယ္ကပ္မေနဘဲ
ကိုယ့္ကိုခ်စ္တဲ့လူတစ္ေယာက္ေယာက္ဆီမွာ
ေနထိုင္ေစခ်င္တာ။

စိတ္ရင္းအမွန္ပါပဲ
ေပ်ာ္ေစခ်င္တာေရာ
ငါနဲ႕မဟုတ္လည္းျဖစ္တာေရာ ... ... ။

#Meldian

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now