"..."

ကောင်လေးကလဲ ထိုနေရာမှ ရပ်တန့်နေဆဲဖြစ်
ကာ Jungkook သည်လည်း ကောင်လေးရဲ့အ
နောက်ဘက် လမ်းမီးတိုင် တစ်တိုင်စာလောက်
အကွာအဝေးမှာ ရပ်နေတုန်းပင်။ သူ့အမြင်တွေ
မမှားဘူးဆိုရင် စောစောက စျေးဝယ်လာသည့်
အိတ်ကို လက်တစ်ဖက်ရဲ့တံတောင်ဆစ်မှာချိတ်
ကာ အခြားတစ်ဖက်က ဖုန်းကိုကိုင်ပြီး စကား
ပြောနေတဲ့ ကောင်လေးက အိတ်ကိုချိတ်ထားသည့်လက်နှင့် သူ့မျက်နှာကိုသူသုတ်လိုက်ပုံ
ပေါ်သည်။

"အခု ဘယ်မှာလဲ"

"ဟို... အပြင်မှာပါ"

ဖုန်းစပြောခါစကလို မတည်ငြိမ်တော့တဲ့ ထိုအ
သံလှိုင်းလေးကြောင့် Jungkook ရဲ့ မျက်ဝန်း
ထဲမှာလဲ မျက်ရည်စတို့ဝေ့သီလာသည်။ ဒီလို
ခံစားနေရမယ်မှန်းသိရင်အစောကြီးထဲက Jimin
အနားကို ပြန်လာခဲ့ပါတယ်။

"အပြင်မှာ ဘာလုပ်နေတာလဲ"

"အိမ်မှာ လိုတဲ့ပစ္စည်းတွေ သွားဝယ်တာ"

"ဟုတ်ရဲ့လား"

Jungkookရဲ့ အမေးစကားပြီးဆုံးသည်နှင့်Jimin
က မီးတိုင်အောက်တည့်တည့်သို့ ခပ်သုတ်သုတ်လေးလျှောက်သွားကာ ဖုန်းကို ပခုံးနှင့်ညှပ်ထား
ရင်း လက်ထဲက ပလက်စတစ်အိတ်ကိုငုံ့ကြည့်ပြီး ဝယ်လာခဲ့တဲ့ပစ္စည်းမျိုးစုံကိုရွတ်ပြလေသည်။
ဒါဟာ Jung kook မမြင်ရတဲ့နေရာမှာတောင်
Jungkook အပေါ် ထပ်မလိမ်ညာတော့ပါဘူး
ဆိုတာကို သက်သေပြနေသယောင်ရှိသည်။

Jungkook ရယ်... မင်းဟာ ဒီကလေးကို အမြဲ
တမ်း နာကျင်မှုတွေပဲ ပေးနေတဲ့ကောင်ပါလား။
တကယ်တော့ တခြားဘာစကားပြောရမယ်မှန်း
မသိပေမဲ့ တစ်ခုခုတော့ ဆက်ပြောချင်နေသေး
တာမို့ သူ့ပါးစပ်ထဲရှိရာ မေးလိုက်ခြင်းသာဖြစ်
သည်။ မယုံကြည်တာမျိုး လုံးဝ မဟုတ်ရပါဘူး။

"ဘီယာနဲ့ ဆိုဂျူးပဲ ထွက်ဝယ်တာပေါ့...အိမ်မှာ
လိုနေတာ အဲ့ဒါတွေလား"

"ဗျာ... အဲ့လိုတော့ မဟုတ်ပါဘူး"

"အပြင်မှာ အေးတယ်နော်"

Unconditional LoveWhere stories live. Discover now