ခေါင်းငိုက်စိုက်ချလျက် လှုပ်လီလှုပ်လဲ့ လျှောက်
နေတဲ့ကောင်လေးက ဘေးပတ်ဝန်းကျင်ကို အာ
ရုံမထားနိုင်လောက်အောင် ဘာတွေများတွေးနေ
ပါလိမ့်။ အဲ့ဒီအတွေးထဲမှာရော Jungkook ဆိုတဲ့
လူအကြောင်းပါဝင်နေပါ့မလား။ရုတ်တရက်ခေါင်းထဲဝင်လာတဲ့အတွေးကြောင့်
အရင်လို ဟိုဟိုဒီဒီတွေးပူနေတာမျိုးမရှိဘဲ
ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။ထိုအခါ
အရှေ့ကလျှောက်နေသည့် ခန္ဓာကိုယ်လေးက
ရပ်တန့်သွားကာ ဘောင်းဘီအိတ်ထဲက ဖုန်းကို
ထုတ်ကြည့်လေသည်။ ပြီးတော့ ဖုန်းမကိုင်ဘဲ
ဒီအတိုင်း ဘောင်းဘီအိတ်ကပ်ထဲပြန်ထည့်လိုက်
လေသည်မို့ Jungkookတစ်ယောက်ပြာယာခတ်
သွားသည်။ပြီးမှလွန်ခဲ့တဲ့လတွေက ကောင်လေးသူ့ဆီ ခဏ
ခဏဆက်သွယ်နေမှာစိုးတာနှင့် ဖုန်းနံပါတ်ပြောင်းခဲ့မိတာကိုသတိရကာ "အရူးပဲ" ဟူ၍
သူ့ခေါင်းသူ တစ်ချက်ထုလိုက်သည်။Jiminက
ဖုန်းနံပါတ်အစိမ်းမို့ မကိုင်တာနေမှာပါ။ စာတို
လေးတစ်စောင် မြန်မြန်ရိုက်ပြီးပို့လိုက်ကာ
ကောင်လေး ဖုန်းကိုထုတ်ကြည့်ပါစေဟု
ဆုတောင်းနေမိသည်။Jungkook ပို့လိုက်သည့်စာက
[ကိုယ်ပါ... ဖုန်းကိုင်ပေးနော်] ဟူ၍ဖြစ်သည်။ကံကောင်းထောက်မစွာပဲ Jiminက ဘောင်းဘီ
အိတ်ကပ်ထဲက ဖုန်းကိုထပ်ပြီးထုတ်ကြည့်ကာ
ခြေလှမ်းတွေ ရပ်တန့်သွားသည်မို့ သူ့ဘက်က
အလျှင်အမြန်ပဲ ဖုန်းပြန်ခေါ်လိုက်သည်။ ထိုအခါ
ကျမှ ကောင်လေးက သူ့ရဲ့ဖုန်းကို လက်ခံကာ"ဟယ်လို...ဒေါက်တာလား "
ဟူ၍ ခပ်တိုးတိုးလေးမေးလေသည်။ဒေါက်တာ
မဟုတ်ဘူး...ကိုကိုပါ။"အင်း..."
"ဟုတ်"
"... ..."
"ဟို ဘာပြောမလို့ ဖုန်းဆက်တာလဲဟင်"
"သတိရလို့ပါ"
"ဗျာ"
"သတိရလို့ ဆက်တာ"
YOU ARE READING
Unconditional Love
Fanfictionတစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့တယ်။
🍒 26 🍒
Start from the beginning