"မောင်အကြောင်းစုံရှင်းပြမှာမို့လို့
မောင်တို့အိမ်ထဲဝင်ရအောင်နော်"

ထပ်တွဲဖို့လုပ်မိတော့ အထိုးခံရတာ
ဖြစ်သည်။အသားနာတာထက် ဒီရင်ဘတ်က
နာတာမျိုးပါ။အရှိန်ပြင်းတော့ မောင့်ခန္ဓာကိုယ်
ပင် အနောက်သို့ ယိုင်နဲ့သည်။

"ငါ့အသားကို လာမထိနဲ့၊မင်းကို မုန်းတယ်၊
ငါ မင်းကို မုန်းတယ်!"

တကယ်တော့ မောင့်ကို မမုန်းနိုင်တာ
ငါ့ကိုယ်ငါပဲ သိတယ်။လုပ်ရက်လေခြင်း
ဆိုတဲ့ စိတ်နဲ့ မောင့်ကိုထပ်ထိုးမိပြန်တာပဲ။
မောင့်နှုတ်ခမ်းမှ စိမ့်ထွက်လာသည့်
သွေးတို့ကို မြင်မှရပ်မိသည်။
ငါမောင့်ကို ထိခိုက်အောင်လုပ်မိလိုက်တာပဲ။

"မင်းမို့လို့ကွာ မင်းမို့လို့ လုပ်ရက်တယ်
သော်ယံမောင်ရာ..မင်းကွာ!!"

"သုထက် စိတ်ထိန်းစမ်း"

"ရတယ် အစ်ကို သူစိတ်ပြေအောင်
ပြောပါစေ၊စိတ်ကျေနပ်အောင် ထိုးပါစေ။
ကျွန်တော်အဆင်ပြေပါတယ်"

နေရှင်းထူပေးဖို့လုပ်တော့ မောင်က
လက်ကာပြ၍ တားသည်။
မောင်ကိုယ်တိုင်ပဲ လဲကျရာမှ ထပြီး
ကိုကို့လက်ကိုယူကြည့်မိတာဖြစ်သည်။
မောင့်ကို ကြိုက်သလောက်ထိုးလို့ရပါတယ်။
လက်နုနုလေးတွေ ထိခိုက်သွားမှာကိုပဲ
မောင်စိုးရိမ်တာ။

"ငါ့အသားကိုမထိနဲ့!"

"ထွန်း မင်းပြန်တော့"

"ရတယ်အစ်ကို ပြန်လိုက်တော့ စိတ်မပူနဲ့၊
ကျွန်တော်လည်းရှိတယ်"

နေရှင်းဝင်ပြောတော့ ကိုကို့အိတ်ကိုပေးပြီး
ထွန်းပြန်သွားသည်။ခဏနေတော့
ဒေါ်လေးနွယ်နှင့် ခေတ်ခေတ်တို့ပါ
ရောက်လာကြသည်။

"သား သုထက်..ဒီကလေးအရက်တွေ
မသောက်စဖူး သောက်လာရလား"

"အဲ့ကောင်က လူလိမ်ဒေါ်လေးနွယ်။
သော်ယံမောင်က လူလိမ်။ကျွန်တော့်ကို
လိမ်တယ်"

ဒေါ်လေးနွယ်ကို ဖက်ငိုတော့ ကိုကို့ကို
ကြည့်ရင်း မောင်ကပါ ငိုချလာသည်။
​ခေတ်ခေတ်မှာလည်း မျက်ရည်တဝဲဝဲ။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now