အပိုင်း - ၄၇ (Zawgyi + Unicode)

Start from the beginning
                                    

ထူးအား ချက်နဲ့လက်နဲ့ ပြောနေသောကောင်လေးဟာ တကယ်ပဲချစ်စရာ မြတ်နိုးစရာ ။

" ကျွန်တော်တို့နှစ်ယောက်မှာ ဦးသာက စပြီးချစ်ပေးခဲ့တဲ့အချစ်ကို ကျွန်တော်ကဆက်ပြီး ချစ်ပေးသွားမှာမို့ ဒီကရှေ့ ဦးက ကျွန်တော့်ရဲ့အချစ်တွေကိုသာ လက်ခံနိုင်ဖို့ကြိုးစားပေးပါ "

ရင်ခွင်ထဲကနေ ထူးရဲ့မေးဖျားကို မော့နမ်းကာ လေးလေးနက်နက်ပြောလာတဲ့ ချစ်ရသူကြောင့် ထူးမှာ ကြည်နူးစိတ်နဲ့မျက်ရည်ဝဲလာမိသည် ။ ကိုယ့်ကိုပြန်ချစ်ဖို့ အိပ်မက်တောင်မမက်ရဲခဲ့တဲ့အခြေအနေကနေ ကိုယ်ချစ်ရသူကလေးက သူ့အသက်ကိုတောင် မငဲ့ကွက်တဲ့အထိ ကိုယ့်အားချစ်ပေးလာသည်ကို သိလိုက်ရတော့ ထူးရင်ထဲမှာ အနှိုင်းအဆမဲ့ ကြည်နူးရပါသည် ။

မမျှော်လင့်ခဲ့ပေမယ့်လည်း ကံတရားက မျက်နှာသာပေးကာ ထူးရဲ့မေတ္တာတွေကို ရောင်ပြန်ဟပ်စေခဲ့ပြီထင့် ။

**********

ဒီနေ့ တစ်နေကုန်တက်ခဲ့ရတဲ့သင်တန်းချိန်တွေကြောင့် ချမ်းအိမ်ပြန်လာတော့ ညနေတောင်စောင်းနေခဲ့ပြီ ။

" မေ့ ဦးသာရော "

အိမ်ရောက်တာနဲ့ တန်းပြီးမေးမိသည်က ဦးသာကိုပဲဖြစ်သည် ။ ဒီအချိန် လေးငယ်မရှိ၍သာ တော်တော့သည် ။ မဟုတ်ရင် အဖြစ်သည်းလိုက်တာဟု နှာခေါင်းရှုံ့ပြီး ခွေးကောင်လေးဟုပါ အဆဲခံရမည်မှာ မုချဖြစ်၏ ။

" မင်းဦးသာက မနက်ကတည်းက ထွက်သွားတာပဲ ၊ ချမ်းလေးပြန်လာရင် ကွန်ဒိုကိုလိုက်ခဲ့ဖို့လည်းမှာသွားတယ် "

မေ့စကားကို ဟုတ် တစ်လုံးသာ တုန့်ပြန်နိုင်ပြီး ရေချိုးခန်းဆီအမြန်ပြေးဝင်ခဲ့တော့သည် ။ ဆပ်ပြာကို နှစ်ထပ်သုံးထပ် အခါခါတိုက်ရင်း အပြတ်အသတ်ရွှိုင်းနင်းဂွိုင်းနင်းလုပ်သွားဖို့ စိတ်ကူးနေမိသည် ။ ဒါမှ အသန့်အပြန့်ကြိုက်တဲ့ဦးသာအနားကပ်ရင် ချမ်းက မွှေးမွှေးကြိုင်ကြိုင်လေးဖြစ်နေမှာ ။ အပြန်ကျရင် အင်းယားကန်ဘောင်မှာ နှစ်ယောက်တူတူ လမ်းလျှောက်ကြဖို့လည်းပူဆာချင်သေးသည် ။ ချမ်းစိတ်ထဲ ဒီနေ့တစ်ရက်ကိုတော့ အမှတ်တရတစ်ခုခုလုပ်ရင်း ဖြတ်သန်းချင်နေမိတာကြောင့်ပင် ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now