အပိုင်း - ၄၇ (Zawgyi + Unicode)

Börja om från början
                                    

ပါးစပ်ကပြောရင်း ခြေတွေလက်တွေကိုပါ ကွေးလိုက်ဆန့်လိုက်နှင့် လုပ်ပြနေသော အနှီကောင်လေးအား မချင့်မရဲစိတ်နှင့် ဆွဲဖက်ထားမိရပြန်သည် ။

သွေးမြင်ရင်တောင် မူးတတ်တဲ့ကောင်လေး...

နည်းနည်းလေးဖျားနာရင်တောင် စိတ်အားငယ်ကာ လူတကာကို လှည့်ပတ်ဂျီကျတတ်သည့်ကောင်လေး...

ဆေးထိုးဆေးသောက်ဖို့အရေးကိုလည်း မျက်ရည်ထွက်မတတ်ကြောက်တတ်တဲ့ကောင်လေး...

ဒီလိုကောင်လေးက ထူးအတွက် ကားရှေ့မှာ တုံ့ဆိုင်းမှုမရှိ အစားဝင်ရပ်ပေးသတဲ့လေ ။

ကံကောင်းထောက်မစွာနဲ့ ကားက အချိန်မီဘရိတ်အုပ်လိုက်နိုင်လို့သာပေါ့ ။ မတော်လို့များ မတော်လို့များ.... ။ အတွေးနဲ့တင် မခံစားနိုင်ပါလေ ။

" နောက်တစ်ခါ အခုလို မလုပ်ပါဘူးလို့ ကိုယ့်ကိုကတိပေး "

" ဟင့်အင်း... ဒီတစ်ခုတော့ ကျွန်တော်နားမထောင်ပါရစေနဲ့နော် "

" ချမ်း... "

ထူး စိတ်အလိုမကျစွာ ချမ်းအမည်ကို ခပ်ဆတ်ဆတ်ခေါ်လိုက်တော့ ထိုကောင်လေးက မျက်နှာလေးငယ်ကာ မော့ကြည့်လာပြီး

" ဒီအခြေအနေက ကျွန်တော်တမင်ကြီးဆုံးဖြတ်ပြီး လုပ်ခဲ့တာမဟုတ်ဘူး ဦးသာ ၊ မသိစိတ်ကနေ အလိုလိုလုပ်မိသွားတာပါ ၊ ပြီးတော့ ဦးသာ သေသေချာချာစဉ်းစားကြည့် ၊ ခုနကလိုအခြေအနေမှာ ကားတိုက်ခံရမယ့်သူက ကျွန်တော်ဖြစ်နေခဲ့မယ်ဆိုရင် ဦးသာ ဘာလုပ်မှာလဲ "

" ဒါကတော့ကွာ... "

" ဦးသာလည်း ကျွန်တော့်လိုပဲဆုံးဖြတ်မိမှာမဟုတ်ဘူးလား "

" ဟုတ်တယ် ၊ ချမ်းကို ရအောင်ကယ်ဖို့ပဲ ကြိုးစားမိမှာ ၊ ဒါပေမယ့် အဲ့လိုအနစ်နာခံတာမျိုးကို ကိုယ်ကပဲ ချမ်းကိုလုပ်ပေးချင်တယ် ၊ ချမ်းက ကိုယ့်ကိုအဲ့လိုပြန်လုပ်ပေးတာမျိုးကျတော့ ကိုယ်မလိုလားဘူး ၊ ကိုယ်ကပဲချစ်ပေးချင်တာမို့ ချမ်းက ဒီတိုင်းလေးအချစ်ခံပေးရင် ကိုယ့်အတွက်လုံလောက်ပါပြီ ကလေးရယ် "

" ဟင့်အင်း ဒါတော့ ဦးသာမတရားတာပဲ ၊ ဦးသာက ကျွန်တော့်ကို အချိန်အကြာကြီးချစ်ပေးခဲ့ပြီးပြီလေ ၊ ကျွန်တော်ပြန်ချစ်ဖို့အခွင့်အရေးကိုလည်း ပေးဦးမှပေါ့ "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Där berättelser lever. Upptäck nu