ဝမ်လီတို့ထွက်သွားပေမယ့်  မြေးငယ်လေးကစိတ်ဒဏ်ရာလိုဖြစ်ကျန်ခဲ့တော့ ဝမ်ကျိုးချန်တစ်ယောက်စိတ်မအေးနိူင်။
အရာရာကိုကြောက်ရွံ့နေတတ်ပြီး ရေနွေးပူလောင်အမာရွတ်ကြောင့် အပြင်မထွက်ပဲလူတောမတိုးသလိုဖြစ်လာခဲ့တယ်။ဖိုးဖိုးက  စီးပွားဖက်တွေရဲ့ကလေးတွေဖြစ်တဲ့ ဝမ်နင်နဲ့ စစ်ကျွေးကို မြေးငယိအတွက်ရှာပေးခဲ့ပြီး ပုံမှန်အတိုင်းဖြစ်အောင်ဝိုင်းကြိုးစားပေးခဲ့ရတယ်။

သူ့မြေးမယုံတဲ့အလုပ်သမားဆိုထုတ် သဘောမကျရင်ထုတ် မြေးတစ်ခွန်းပဲ။ထိုခါမှသာ ဝမ်လီရဲ့လူယုံတွေရှင်းသွားခဲ့တာ။နောက်ဆုံးတော့ ရိပေါ်တွက် သူ့ဖိုးဖိုးပြီးရင် စစ်ကျွေးနဲ့ဝမ်နင်က သူ့အယုံရဆုံးသူတွေပဲ ကိုယ်ရံတော်တွေတောင် အနားကပ်မခံတတ်။

"မြေးငယ်က အစွဲလန်းကြီးအချစ်ကြီးတဲ့ ကလေးတစ်ယောက်ဖြစ်သွားတယ် မောင်ရင်က မြေးလေးယုံကြည်တဲ့ နောက်ထပ်တစ်ယောက်ပဲ''

"သူရှိတဲ့နေရာလေးပြောပါလား ဖိုးဖိုး''

&&&

ဒီလိုကလေးမျိုးကိုမှ ကိုယ်ကပြောမိလေခြင်း ပေါက်စမင်းသာစိတ်ဒဏ်ရာဖြစ်သွားရင် ကိုယိ့ကိုကိုယ် ဘယ်လိုမှခွင့်လွှတ်နိူင်မှာ မဟုတ်တော့ဘူး။ကိုယ်ကိုပြင်ဆင်ခွင့်ပေးပါ။

အိမ်ပြန်ရောက်လို့ ခနအနားယူရန် အိပ်ယာပေါ်လှဲမိတော့ ဘေးကနေရာလွတ်လေး လက်နဲ့စမ်းပြီးသတိရစိတ်တွေ ပိုလို့သာတိုးရပြန်တယ်။တစ်အိမ်ကလုံးက ဘယ်နေရာကြည့်ကြည့် ပေါက်စအငွေ့သက်တွေနဲ့ ပြည်နေတတ်တာကြည့်တဲ့သူရဲ့ အမြင်ကြောင့်လားတော့ မပြောတတ်ပေ။

အိမ်အိုကြီးကစ အထီးကျန်နေသလို ပေါက်စစကိတ်စီးနေကြလမ်းကျဥ်းလေးက သစ်ပင်စိမ်းစိမ်းတွေကလည်း စိတ်ကားခြင်းတွေဖော်ဆောင်နေသလို မချစ်ချင်လို့စိမ်းတဲ့ အစိမ်းတွေ လေတိုက်တိုင်းစိမ်းတဲ့ လေစိမ်းတွေ  အားလုံးကကိုယ့်ကိုစိမ်းကားလို့ ကြည့်မိတဲ့ဇာတ်ကားမှာပါ hulkက ပါလာသေး... အား...လို့အော်ပြီး remote control ကိုလွှငိ့ပစ်မိတဲ့ထိ။
-
-
-
ကျောက်ဆောင်နံရံကို တဝုန်းဝုန်းရိုက်ပုတ်နေတဲ့ လှိုင်းသံတွေလို သူ့စိတ်နှလုံးသားကလည်း လွမ်းတဲ့စိတ်နဲ့ဗြောင်းဆန်နေတယ်။အတော်ကြာထိုင်နေမိတဲ့ သူ့ပခုံးပေါ်အနွေးထည်လေးတစ်ထည် လာရောက်ခြုံလွမ်းမှုကြောင့် နည်းနည်းလေးနွေးထွေးသွားသလို တကယ်ဆိုလိုမှမလိုအပ်ပဲလေ။

ဝမ်ချိုချိုလေးWhere stories live. Discover now