''အင်းပါ..ကိုကို့ကလေးက နေမကောင်းဘူးဆိုတော့ ကိုကို ပုခုံးပေါ် ခေါင်းလေးတင်ပြီးအိပ်နော်''

ပြောပြောဆိုဆို ကားတစ်စီးဖြတ်လာတာမြင်တဲ့အတွက် ကားကို လက်ပြတားလိုက်ပြီး အိမ်ရှိရာဆီ မောင်းခိုင်းတော့တယ်။

'ကျွန်တော့်ရဲ့ကလေးက အိပ်ပျော်နေပါပြီ
ကျွန်တော့်ရဲ့ ရင်ခွင်ထဲခေါင်းအပ်လို့ပေါ့...'

'ကလေး ကိုကို့ရဲ့ရင်ခုန်ခြင်းတွေနားဆင်ပြီးအိပ်စက်သွားပြီလား..ခလေးနဲ့ ကိုကို
တစ်စက္ကန့်လေးတောင် မဝေးချင်တာ..ကလေးကရော ကိုကိုတွေးသလိုတွေးမှတွေးမိပါ့မလား။'

'ပြောင်းလဲခြင်းတွေကြုံလာရင်လည်း ကိုကို့ဘက်က ကလေးအနားမှာအမြဲရှိနေအောင်ကြိုးစားသွားမှာပါ။လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ..ကိုကိုအဆင်သင့်ရှိနေပေးမှာပါ။ကလေး ပျော်ရွှင်နေတာပဲ
မြင်ချင်မိတာမို့ ကလေးပျော်ပျော်နေပါ။'

ဒီအတွေးစတွေနဲ့ပဲ အိမ်ကိုတောင် ရောက်လာခဲ့ပြီ...အငှားကားသမားကို ပိုက်ဆံရှင်း​ပေး ပြီးတာနဲ့ခလေးကို အိမ်ထဲချီသွင်းရပြန်တယ်။

အိပ်ပျော်နေရှာတာ အပြစ်ကင်းလိုက်တာ
ခလေးငယ်ရယ်...နဖူးလေးထက် အနမ်းပွင့်လေးပွင့်စေပြီး အိမ်ရဲ့အရှင်သခင်မအိပ်စက်ရာဆီပို့ဆောင်ပေးရလေတယ်။

အိစက်နေတဲ့ ဖဲမွေ့ယာပေါ် ချပေးရင်း
'ဒီညလေးလည်း ကလေးရဲ့အိမ်မက်တွေလှပပါစေနော်...ကိုကိုရဲ့ခလေးလေး။'

နောက်နေ့မနက်ရောက်တော့..
ခေါင်းထူပြီး နိုးလာတဲ့ခလေးက ကျွန်တော့်ကိုရန်လိုခြင်းများနဲ့သာ..

''ခင်ဗျားထွက်သွား...ဦးစစ်မဟာ ဘာလို့ကိုယ့်အခန်းကိုယ်မအိပ်တာလဲ။ရာရာစစ သူများအိပ်ယာမှာ လာအိပ်နေတယ်..ခင်ဗျားကြီး အခွင့်အရေးယူနေတယ်ပေါ့။''

''ဟာ..ကလေး ဘာတွေပြောနေတာလဲ..မနေ့ကနေမကောင်းဘူးဆိုလို့ ကိုကို အနားကပြုစုပေးနေတာလေ..မိုးလင်းခါနီးမှကိုကိုအိပ်ပျော်သွားတာပါ...''

''ဘာ..ကိုကိုဟုတ်လား..ဘယ်ကကိုကိုလဲ
ခင်ဗျားကြီးကို အဲ့ဒီလိုခေါ်ခဲ့ဖူးလို့လား..ဘယ်တုန်းကမှမခေါ်ခဲ့ဖူးဘူး။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now