Part-(1)

67 3 1
                                    

"Americano တစ်ခွက်"

ကောင်တာပေါ်မှအညိုရောင်ကြွေခွက်လေးအတွင်းရှိကော်ဖီများထဲသို့ နို့နှစ်အဖြူများဖြင့်သစ်ရွက်ပုံသဏ္ဍာန်ပုံဖော်လောင်းထည့်ကာကော်ဖီဖျော်ခြင်းကို အဆုံးသတ်လိုက်စဉ် ရင်းနှီးနေသောအသံဩဩကြောင့် ကျွန်တော်ခေါင်းမော့ကြည့်လိုက်မိသည်။

"Sohn Shownu"

ကောင်တာရှေ့တွင်ရပ်နေသူကကျွန်တော့်အား မျက်ခုံးတစ်ဖက်ကို မြှောက်ပြရင်း နေသားကျစွာတုံ့ပြန်သည်။ ထို့နောက် ကျွန်တော့်ကိုကျော်ကာအနောက်ဘက်နံရံတွင်ရေးထားသော
Coffee Menu များအား အေးဆေးစွာဖတ်နေသည်။ အနည်းငယ်နေသားမကျဖြစ်သွားမှုကို ချောင်းဟန့်သံတစ်ချက်ဖြင့် ဖုံးကွယ်လိုက်ရင်း နေသားတကျဖြစ်လိုဖြစ်ငြားရှိမည့်
စကားအချို့အား ကျွန်တော်ရွေးချယ်ပြောလိုက်သည်။

"ဟိုကောင်တွေမပါဘူးလား"
"အင်း"

ကျွန်တော့်ထက်ပို၍နေသားတကျဖြစ်နေဟန်ရှိသောသူ့အဖြေက ကျွန်တော့်ကို ကသိကအောင့်ဖြစ်သွားစေသည်။ ထို့နောက် ကျွန်တော့်ရှေ့မှ Sohn Shownu တဖြည်းဖြည်းထွက်ခွာသွားသည်။ ပြီးတော့ မလှမ်းမကန်းရှိ ခုံတွင်ဝင်ထိုင်သည်။ ရှပ်အင်္ကျီအဖြူ၊ ဂျင်းဘောင်းဘီအပြာနှင့်ထောင်ထောင်မောင်းမောင်းရှိလှသော သူ့နောက်ကျောပုံရိပ်ကိုငေးကြည့်ရင်း ကျွန်တော်သက်ပြင်းတစ်ချက်ချလိုက်မိသည်။

"Americano ရပြီ .."

သူ့အရင်ရောက်သည့် ဧည့်သည်၏  Cappuccino Order ကိုသွားမချရသေးမီပင် Son Shownu မှာသည့် Americano အား ခပ်သုတ်သုတ်လေးဖျော်ပြီး သွားချပေးမိသည်။ တစ်စုံတစ်ခုစကားစမြည်ပြောရန် အစပျိုးမည်ဟုပါ ဆုံးဖြတ်ခဲ့သော်လည်း ~

"Hello ~ ရောက်တော့မှာလား Noona ဪ .. အင်း မှာထားလိုက်မယ်နော်"

ဟူသည့် ဖုန်းဖြေသံက ကျွန်တော့်အတွေးတို့ကို ရပ်တန့်စေသည်။ ထို့နောက် ရိုးရှင်းသော Sohn Shownu ၏ နေသားတကျပုံစံအတိုင်း ကျွန်တော့်ကိုပြောလာပြန်သည် ။

"Americano နောက်တစ်ခွက် လုပ်ပေးနော် သကြားလျော့ထည့်ပေး"

***

A Cup of You Where stories live. Discover now