🍁အပိုင်း( ၁၆)🍁[final]

9.4K 724 25
                                    

Zawgyi...

ထူးငယ်​ ဒီ​နေ့ pratical ​စော​စောပြီးသွားတာ
ကြောင့်​ ​မောင်​ကုမ္ပဏီသွားရန်​ဆုံးဖြတ်​လိုက်​သည်​။
ထူးငယ်​ မြင်​သွားရင်​ ​မောင့်​ရဲ့ ပြုံး​ပျော်​​နေမည့်
မျက်​နှာကိုမြင်​​ယောင်​မိသည်​။

မောင်​က ထူးငယ်​ကို ကုမ္ပဏီကိုလာ​စေချင်​​ပေမယ့်
ထူးငယ်​​ကျောင်းတစ်​ဖက်​နဲ့ မို့မသွားဖြစ်​​ပေ။
ကုမ္ပဏီက လူ​တွေက ထူးငယ်​တို့မင်္ဂလာ​ဆောင်
လာဖူးသူ​တွေမို့ ထူးငယ်​ကို​တော့ သိကြသည်​။

ထူးငယ်​လည်း ​မောင့်​ရုံးခန်းသို့သာ တန်းတန်းမတ်​မတ်
သွားလိုက်​ပြီးတံခါး​ခေါက်​လိုက်​သည်​။

"​အော်​...ယွန်း မှာထားတာယူခဲ့ပြီလား.ဝင်​ခဲ့​လေ.

မောင်​လည်း အတွင်း​ရေးမှူးယွန်းကိုမှာထား​သော
စာရင်းလာပို့တယ်​ထင်​ပြီး ဝင်​လာခိုင်း​သော်​လည်း
တံခါးဖွင့်​သံသာကြားပြီး ဝင်​လာ​သောအသံမကြား
တာ​ကြောင့်​ ​မော့ကြည့်​လိုက်​ချိန်​တွင်​ တံခါးဝတွင်
နှုတ်​ခမ်းကြီး​ထော်​ကာ ​မောင့်​အား မျက်​​စောင်းထိုး
နေ​သော ချစ်​​ယောင်္ကျား​သေး​သေးပိစိ​လေးကို​တွေ့
လိုက်​ရသည်​။။

"ဟာ...ငယ်​ပါလား..ထူးထူးဆန်းဆန်း​မောင့်​ဆီကို
လာလို့ပါလား..​မောင်​အ့သြသွားတာဘဲ..

မောင်​လည်း ငယ့်​အာား ​တွေ့တာနဲ့ ခုံ​ပေါ်ကထပြီး
ငယ့်​ဆီသို့သွားကာ ​လက်​ကိုဆွဲပြီး ဆိုဖာ​ပေါ်မှာ
ထိုင်​ခိုင်းကာ​ပြောလိုက်​သည်​။

"ယွန်း မဟုတ်​လို့အ့သြသွားတာလား..ဟွန့်​.

မျက်​​စောင်းထိုးကာ ​ပြောလာ​သော စကားကိုကြားမှ
မောင်​လည်း တံခါးဝမှာထဲက ​ကောက်​ချိတ်​​နေတဲ့
ပိစိမျက်​နှာအဓိပ္ပါယ်​ကိုနားလည်​လိုက်​သည်​။

ထိုပိစိ​လေး သဝန်​တို​နေသည်​​လေ။

"ဟားဟား..ပိစိရယ်​..ယွန်းက ​မောင့်​ရဲ့အတွင်း​ရေး
မှူး​လေ လိုအပ်​တဲ့ဖိုင်​လာပို့ခိုင်းထားတာပါ.
သူ့အစား ငယ်​​ရောက်​လာ​တော့​မောင်​က အ့သြ
သွားတာပါ..

You've reached the end of published parts.

⏰ Last updated: Sep 13, 2020 ⏰

Add this story to your Library to get notified about new parts!

🍁ချစ်​မိခဲ့​ပြီ ငယ်​ 🍁[complete]Where stories live. Discover now