🍁အပိုင်း( ၁)🍁

23.1K 1K 4
                                    

Zawgyi...

ကျွီ......

"ဟာ...သွားပြီး...တိုက်​မိပြီလားမသိဘူး..

မြင့်​မြတ်​​မောင်​ တစ်​​ယောက်​ အလုပ်​ကိစ္စနဲ့
ခရီးသွားပြီပြန်​လာ​ချိန်​တွင်​အ​တွေးလွန်​ပြီး
တိုက်​မိခြင်းဖြစ်​သည်​။

မောင်​ လည်း တိုက်​မိ​သောလူကိုကြည့်​ရန်​ကား​ပေါ်
က​နေ မြန်​မြန်​ဆင်းလိုက်​သည်​။

"အားး..ကျွတ်​.ကျွတ်​..

"ဟို...ညီ​လေး...အ..အဆင်​​ပြေရဲ့လား..
အကို့ကားနဲ့ထိမိသွား​သေးလား...

နာကျင်​​နေ​သော ​ကောင်​​လေးသည်​ ​မောင့်​အသံ
ကိုကြားပြီး ​ဒဏ်​ရာ​တွေကိုကြည့်​​နေရာက​နေ ​မော့
ကြည့်​လာ​လေသည်​။မောင်​ နည်းနည်းအ့သြသွား
သည်​။တိုက်​မိ​သော လူသည်​ ​ယောကျာင်္းအဝတ်​အစား
များ ဝတ်​ထား​သော မိန်းက​လေးလိုပင်​။

နာကျင်​​နေ​သော​ကြောင့်​ ​မော့ကြည့်​လာ​သော
မျက်​ဝန်းဝိုင်းတွင်​ မျက်​ရည်​​လေး​တွေ​ဝေ့ဝဲ​နေပြီး
အရည်​လဲ့ကာ လှပ​နေသည်​။

ရှုံ့ မဲ့​နေ​သော မျက်​နှာနဲ့နှုတ်​ခမ်း​တွေကလည်း
တစ်​မျိုး​လေးကြည့်​လို့​ကောင်း​နေသည်​။
မောင်​ယောင်္ကျား​လေးမှန်း သိ​နေခြင်းမှာ ​ကောင်​​လေးရဲ့
နှုတ်​ခမ်းပါး​ပေါ်က နှုတ်​ခမ်း​မွှေးစိမ်းစိမ်းမျှင်​မျှင်
လေး​တွေ မြင်​​နေရခြင်း​ကြောင့်​ပင်​ဖြစ်​သည်​၊။

အ့တာ​လေးကိုသာ မ​တွေ့ရင်​ ထို​ကောင်​​လေးအား
ယောကျာင်္း​လေးလို ဝတ်​စားထား​သော မိန်းက​လေး
လို့ပင်​ ​မောင်​ထင်​မည်​ဖြစ်​သည်​။

မောင်​တစ်​​ယောက်​ ​ကောင်​​လေးအားကြည့်​ကာ
မှတ်​ချက်​​ပေးမိ​နေတုန်း ​ကောင်​​လေးထံမှ
အသံကြားလိုက်​ရသည်​။သြရှရှအသံ​လေး။
အင်းး အသံ​လေးက​တော့ ​ယောင်္ကျား​လေးပီသသား။

"မထိပါဘူး..အကို..​ကျွန်​​တော်​လန့်​ပြီးပြုတ်​ကျ
သွားတာပါ...

"အကို..​တောင်းပန်​ပါတယ်​..မင်းလမ်းကူးတာ
မမြင်​မိလိုက်​တာ..
ထနိုင်​ရဲ့လား..အကိုဆွဲထူ​ပေးမယ်​​နော်​...

🍁ချစ်​မိခဲ့​ပြီ ငယ်​ 🍁[complete]Where stories live. Discover now