ရှောင်းကျန့် ရိပေါ်ကိုလှမ်းဖက်လိုက်တော့တယ်.. ထိန်းထားတဲ့ကြားက မျက်ရည်ကလဲ ကျလိုက်မိသေးတာ.. ဒီကလေးလေးက သူ့အတွက်တန်ဖိုးရှိလွန်းတယ်... ဒီလောက်မကောင်းတဲ့ကိုယ့်ကို စိတ်မကုန်ပဲ ခုထိသူ့ဆီလာခဲ့ဖို့ တတွတ်တွတ်ပြောနေတဲ့ကောင်လေးက အရာရာကိုရင်ဆိုင်နိုင်ဖို့ သတ္တိတွေပေးပါတယ်...

"ချစ်တယ် ကိုယ့်ကလေးလေး..."

ရိပေါ်က ဖက်ထားတာကိုရုန်းပြီးတော့ သူ့မျက်လုံးတွေကို ဆုံပြီးကြည့်လာတယ်..

"ကော ပြန်ပြောပါဦး.."
"ချစ်တယ်လို့.."
"ခုနကအတိုင်းပြောလေ အပြည့်အစုံ.. ဘယ်လိုခေါ်လိုက်တာ.."
"ကိုယ့်ကလေးလေးကို ချစ်တယ်.. ထပ်ထွက်မပြေးတော့ဘူးနော်..."
"ကောရာ ကျွန်တော်နှလုံးခုန်တာရပ်တော့မှာပဲ.."
"လာ ခုံပေါ်လာထိုင်.. ညောင်းနေတော့မယ်.."

ရိပေါ်က သူ့ဘေးက ခုံမှာလာထိုင်ရင်း လက်ကိုဆုပ်ကိုင်လာတယ်...

"ကျေးဇူးတင်ပါတယ်ကော.. ကော ကျွန်တော့်ဆီကထပ်ထွက်ပြေးချင်စိတ်မပေါ်အောင်ကို ကျွန်တော်က ပျော်အောင်ထားမှာမို့ ကောက ကျွန်တော့်ကိုယုံပြီးလိုက်ခဲ့နော်.."
"အင်း.. ယုံတယ်.. ရိပေါ်ကို ကိုယ့်ကိုကိုယ်ထက်တောင်ပိုယုံတယ်.."
"ဘာရိပေါ်လဲ... ခုနကနာမည်က ဘယ်ရောက်သွားပြန်ပြီလဲ.."
"ဟီးဟီး..
ဒါနဲ့ ကိုယ်ဒီမှာရှိမှန်းဘယ်လိုသိလဲလို့.."
"ကောရဲ့ ညီမတွေကျေးဇူးပေါ့.."
.
.
.
*flashback*

"ဒါဆို ညီမတို့က ကျန့်ကောညီမတွေလား..."
"ဟုတ်တယ်လေ...အမြွှာတွေ... ရိပေါ်ကော ဒီတိုင်းစကိတ်စီးနေရုံနဲ့ ကောကောကပြန်ကြိုက်မှာမဟုတ်ဘူး.. ကြိုးစားမှပေါ့.. အဲ့ဒါလာပြောတာ.. သွားတော့မယ်... တစ်ကယ်ပဲ... အားကိုမရဘူး.."
"ခဏလေးပါ... ညီမတို့လာတာ ကျန့်ကောသိလား.."
"သိမလားကောကလဲ.. ပြီးတော့ ရှောင်းကျန့်ကောကောက ချုံချင်းပြန်သွားတာ.. ရိပေါ်ကောကိုတွေ့ရင် သူစိတ်မခိုင်တော့မှာစိုးလို့... ကြိုက်ရဲ့သားနဲ့ သူကလဲတစ်မျိုး.."
"ခဏ ခဏ... ကြိုက်ရဲ့သားနဲ့လို့ပြောလိုက်တာလား.."
"ဟုတ်တယ်လေ.. ရှောင်းကျန့်ကောကောက ရိပေါ်ကောကို အရင်ထဲကကြိုက်တာ.. Zack ကောက ရိပေါ်ကောကို အရင်တွေ့ပြီးကြိုက်လို့ သူက အလျှော့ပေးလိုက်တာ..
ရိပေါ်ကောကလဲ ပိန်းဥ.. ကိုယ့်ကိုကြိုက်နေလား မကြိုက်နေလားတောင်မသိဘူးလားလို့.."

LettersWhere stories live. Discover now