22

1.9K 222 0
                                    

(Unicode)

"ကျန့်.. မင်းရိပေါ်ကိုချစ်လား.."

မထင်ထားတဲ့မေးခွန်းကို Zack ကမေးလာတယ်... ရှောင်းကျန့် အလန့်တကြားနဲ့ကြည့်မိတော့...

"ဟိုနေ့က ငါရိပေါ်နောက်လိုက်လာရင်းနဲ့  မင်းနဲ့ပြောတာတွေကြားလိုက်တာ.."
"Zack ငါတောင်းပန်ပါတယ်.."
"ကျန့်ကျန့်.. ခံစားချက်ဆိုတာ လုပ်ယူလို့ရတဲ့အမျိုးမဟုတ်ဘူးလေ... မင်းရိပေါ်ကိုချစ်တာ မပြစ်မဟုတ်ပါဘူး... ပြီးတော့ ရိပေါ်ကမင်းကို ချစ်တာလဲ အပြစ်မဟုတ်ဘူး..."
"ရိပေါ်ဖွင့်ပြောတာကို ငါဖုံးထားမိတယ်.."
"ငါဆိုလဲ ဘယ်ပြောထွက်ပါ့မလဲ... ငါဝင်စဉ်းစားကြည့်လို့ရပါတယ်.. ရိပေါ်ကလေ မင်းကို အရမ်းတွယ်တာ တာ သိလား... မင်းကြောင့်ရယ်လို့တော့မသိခဲ့ပေမဲ့ ရိပေါ်အဲ့တုန်း တော်တော်ပြိုလဲနေတာ.. သူငါနဲ့ date ကြည့်မယ်ပြောတုန်းကလဲ ငါ့ကိုသူမချစ်ဘူးဆိုတာသိရက်သားနဲ့ ပျော်ပျော်ကြီး မသိချင်ယောင်ဆောင်ခဲ့တာ... ငါကပျော်အောင်ထားပေးနိုင်မယ်လို့ confidence ထားမိတာကိုး..
ကိုယ်ချစ်တဲ့လူကြောင့် ဝမ်းနည်းနေရတဲ့အချိန်မှာ မချစ်တဲ့လူက ဘာကြီးပဲလုပ်ပေးလုပ်ပေး မတိုးဘူးဆိုတာ မသိခဲ့ဘူးလေ... ငါကသေချာမချစ်ခဲ့ဖူးတော့.."
"Zack ရိပေါ်ကို အဲ့လောက်တောင်ချစ်လား..."
"ချစ်တယ်ဆိုတာဘယ်လိုဖြစ်တာလဲတော့ ငါလဲမသိဘူး.. ဒါပေမဲ့ အရင်တွဲဖူးတဲ့လူတွေနဲ့ မဖြစ်ဖူးတဲ့ ခံစားချက်တော့ရှိတယ် ရိပေါ်ကို..
မင်းလဲ ငါ့လိုပဲ ရိပေါ်ကို ခံစားချက်ရှိတယ်မလား Sean.."
"ငါတို့က မဖြစ်နိုင်ပါဘူး Zack ရာ.. မင်းသဘောကျတဲ့လူကို ငါသွားလုရလောက်တဲ့ထိ မယုတ်မာသေးဘူး.."
"Sean ငါပြောမယ်.. ငါကမင်းလိုစိတ်ထားကောင်းတဲ့လူမဟုတ်တော့ အလျှော့ပေးလိုက်မယ်ဆိုတာမျိုးတော့မလုပ်နိုင်ဘူး.. ဒါပေမဲ့ ရိပေါ်ကငါ့အပိုင်မဟုတ်ဘူး.. ဘယ်သူ့အပိုင်မှလဲမဟုတ်သေးဘူး.. အဲ့တော့ ငါဆက်ကြိုးစားဦးမှာပဲ... မင်းလဲကြိုးစားခွင့်ရှိတယ်.. ရိပေါ်ကမင်းကိုချစ်နေတဲ့လူလေ... မင်းခံစားချက်ကို သူသိပိုင်ခွင့်ရှိတယ်မဟုတ်ဘူးလား.. သေချာစဉ်းစားကြည့်ပေါ့... အရမ်းတော့အချိန်မယူနဲ့.. ငါကလဲ လက်ပိုက်ကြည့်နေတဲ့လူမဟုတ်ဘူး.. ရိပေါ်ကိုစောင့်နေတာ.. ရိပေါ်က တစ်ယောက်ယောက်ရဲ့ အပိုင်ဖြစ်သွားပြီဆိုရင်တော့ ငါ သူ့ဆုံးဖြတ်ချက်ကို လေးစားပြီး ရောက်တဲ့နေရာမှာပဲ ရပ်နေလိုက်မှာ.."
"ငါ့ကို စိတ်မကွက်ဘူးလား"
"ကျန့်ကျန့်ရာ အခုလေးတင်မှတွေ့တဲ့ ရိပေါ်ကိုတောင် ငါဒီလောက်မပြစ်မမြင်တာ ငယ်ငယ်ထဲကခင်လာတဲ့မင်းကို ငါကစိတ်ကွက်ရမလားကွာ... အရမ်းမတွေးနဲ့.. ဒီကိစ္စတွေဖြစ်သွားတာ ငါလဲ စိတ်ညစ်ရပြီး ပင်ပန်းရတယ်ဆိုပေမဲ့ မင်းရော ရိပေါ်ရောက အမှားလုပ်ထားကြတဲ့လူတွေမှမဟုတ်တာ.. ဒီလိုဖြစ်ဖို့ ကံကပါလာတာကိုး..ဟုတ်ပြီလား"
"Thank you Zack"

LettersWhere stories live. Discover now