"ရိပေါ် မင်းအဆင်ပြေလား.."
"အဆင်ပြေအောင်နေရတာပေါ့ကွာ.."
"ကျန့်ကောကို မလွမ်းတော့ဘူးပေါ့.."
"မလွမ်းရအောင် ငါကပုံမှန်မှမဟုတ်တာ.. ရှောင်းကျန့်ရူး ရူးနေတာလေ.. အဟက်.."
"သွားတွေ့ပါလား အဲ့လောက်ဖြစ်နေတာကို.."
"မတွေ့ဘူး... ငါ့ကို သူကလိုတာမှမဟုတ်တာ.. ငါ့ကိုတွေ့ရင် သူပဲစိတ်ရှုပ်ရမှာ... ပြီးရင် ပစ်ပစ်ခါခါတွေထပ်လုပ်ရင် ငါခံနိုင်ရည်ရှိမှာမဟုတ်ဘူး... ဘယ်လောက်ချစ်ချစ် အဲ့ဒါကြီးကိုတော့ ငါသည်းမခံနိုင်ဘူး.. ချစ်ရင်အရာရာခွင့်လွှတ်နိုင်တယ်ဆိုတာ ဟုတ်တော့မဟုတ်ဘူးထင်တယ်..."
"သူက မင်းကိုမချစ်တာ သေချာလား.."
"ဟားဟား သူကိုယ်တိုင်ငြင်းထားတာကို မသေချာစရာလား... ငါ့ကို ဆားလာမသိပ်နဲ့ဟေ့ကောင်.."
"မဟုတ်ပါဘူး.. ငါစဉ်းစားကြည့်တာလေ.. သူငယ်ချင်းကို ကူတာကကူတာပေါ့.. ဒါပေမဲ့ မုန့်တွေလုပ်ပြီးပို့တဲ့ထိတော့ ငါဆိုအလုပ်ရှူပ်မခံလောက်ဘူးလားလို့လေ.."
"ဒါကတော့ မင်းကငပျင်းကိုး.."
"စကားအကောင်းပြောလို့ကိုမရဘူး မင်းနဲ့လဲ.."

စကားပြောနေတုန်း မိန်းကလေးနှစ်ယောက် သူတို့ရှေ့လာရပ်ကြတယ်... fangirl တွေလဲဖြစ်ဟန်မတူဘူး.. မျက်နှာတွေကလဲချီလို့ လက်တွေကပိုက်ထားကြသေးတာ... လူမိုက်တွေအထာနဲ့.. တစ်ယောက်ကိုက မြင်ဖူးသလိုလို...

"ကောက ဝမ်ရိပေါ်မလား.."
"ဟုတ်ကဲ့.."

~နေပါဦး ဒီကောင်မလေးက ဟိုတစ်လောက ကောဖုန်းလိုက်လုနေတဲ့ သူ့ရည်းစား လက်လက်ထ မဟုတ်ဘူးလား..~

"ကောက ရှောင်းကျန့်ကောကောကို ကြိုက်နေတာဆို.."
"ခင်ဗျာ.."

~စနိုက်ကျော်ဆိုပြီး လာရန်ရှာတာတော့မဟုတ်ဘူးမလား.. ကံဆိုးတာကဒီလောက်ဆို တော်ပြီလေ..~

"ကြိုက်နေတာ ဟုတ်လား မဟုတ်ဘူးလား..."
"ဟုတ်ပါတယ်ခင်ဗျ... ဒါပေမဲ့"
"ဒါပေမဲ့မလိုဘူး.. ကြိုက်ရင်ရပြီ...
ကြိုက်တယ်ဆိုလဲ ဘာလို့သွားမတွေ့တာတုန်း.. တကောက်ကောက်လိုက်နေရမယ်လေ... ကောတို့က သိပ်ခက်တယ်.."
"ခင်ဗျာ.."
"သမီးတို့က ညီမလေးတန်မဲ့နဲ့ အကို,ကို ထိုးကျွေးနေရတာ.. မနိတ်ပါဘူး..."
"ခင်ဗျာ.."
"ကဲ... ရိပေါ်ကောက ခင်ဗျာပဲတတ်တာလား.. ဒီပုံနဲ့ ဆို ဘယ်လို ယောကျာ်းရတော့မလဲ.."
"ဒါဆို ညီမတို့က ကျန့်ကောညီမတွေလား..."
"ဟုတ်တယ်လေ... အမြွှာတွေ... ရိပေါ်ကော ဒီတိုင်းစကိတ်စီးနေရုံနဲ့ ကောကောကပြန်ကြိုက်မှာမဟုတ်ဘူး.. ကြိုးစားမှပေါ့.. အဲ့ဒါလာပြောတာ.. သွားတော့မယ်... တစ်ကယ်ပဲ... အားကိုမရဘူး.."

LettersWhere stories live. Discover now