💗6💗

13.2K 1.4K 187
                                    

Zawgyi
>>>>>>

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

Jimin ခုနက jungkook ပို့ထားပေးတဲ့ လိပ်စာအတိုင်း လိုက်လာခဲ့သည် ၊ ထိုနေရာကိုရောက်တော့ အမြန်ပင်ဆိုင်ထဲကို ၀င်သွားလိုက်ပီး ကိုကို့ကို ရှာမိတော့ တွေ့ပါပီ သပ်သပ်ရပ်ရပ် အနောက်တိုင်းအင်္ကျီကိုဝတ်ထားပီး ကောင်မလေးတစ်ယောက်နဲ့ စကားပြောနေ၏ ၊

အာ့ဆို Jung kook ပြောတာတွေအကုန်လုံးက အမှန်တွေပေါ့ ၊ ငါကရော ၊ ငါ့ကိုဟိုနေ့က ဘာလို့နမ်းခဲ့တာလဲ သူ့အိမ်ကို ဘာလို့ အလာခံတာလဲ minie ကို အပျော်သဘောထားခဲ့တာလား ကိုကိုမကောင်းဘူး

Yoongi ဒီနေ့ ဒယ်ဒီတို့ ခိုင်းတဲ့အတိုင်း အိမ်ထောင်ဘက်သွားတွေ့နေသည်လေ ကျွန်တော်ကငယ်သေးပေမယ့်လည်း မာမီတို့က မြေးအမြန်ချီချင်ပီဟုဆိုကာ အမြန်လက်ထပ်စေချင်နေတာပင် ၊ သူတို့ စိတ်ချမ်းသာအောင် လာတော့လာပေးလိုက်သည် ၊ နောက်တော့ ထိုကောင်မလေးနဲ့ စကားပြောကြည့်တော့ သူကလည်း ရည်စားရှိတယ်တဲ့ အိမ်ကအတင်းလွှတ်လို့လာရတာတဲ့ ၊

ပိုကောင်းသွားတာပေါ့ ကျွန်တော်တောင် ငြင်းစရာမလိုတော့ဘူး ၊ ထိုစဉ် ဆိုင်အ၀လေးမှာ တွေ့လိုက်ရတဲ့ ပြေးထွက်သွားတဲ့အရိပ်လေးတစ်ခု ဒါ jimin မဟုတ်လား မြင်သွားတာလား ၊ ကျွန်တော် ရှေ့ကကောင်မလေးကိုတောင် နှုတ်မဆက်နိုင်တော့ပဲ ထိုကောင်လေးနောက်ကို အမြန်ပြေးလိုက်မိတော့သည် ။

ထိုကောင်လေးကဆိုင်နဲ့အနည်းငယ်လှမ်းသည့်နေရာတွင် ရပ်လိုက်ပီးနောက် ထိုင်ငိုနေလေရဲ့

Jimin : ဟင့် ဟင့် မကောင်းတဲ့လူကြီး အဘိုးကြီး အဖြူကောင်ကြီး ဟင့် အမ်း လူယုတ်မာကြီး
Yoongi : ကိုယ့်ကိုပြောလို့ဝပီလား
Jimin : ဟမ် ခင် ခင်ဗျားကြီး !!
Yoongi : ခင်ဗျားကြီးဖြစ်သွားပြန်ပီ ကိုကိုမဟုတ်တော့ဘူးလား

ကျွန်တော့်ရှေ့ကနေ ပြေးထွက်ဖို့လုပ်နေတဲ့ ကောင်လေးရဲ့ လက်ကို အတင်း ဆွဲကာ ကားထဲထိုင်စေလိုက်သည် ၊

Paradise 파라다이스Where stories live. Discover now