💚2💚

17.4K 1.7K 339
                                    

Zawgyi
>>>>>>

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

နွေရာသီကျောင်းပိတ်ရက်ပီးလို့ ဒီနေ့ကျောင်းတွေပြန်ဖွင့်ပီမို့ taehyung တို့သူငယ်ချင်းတစ်စု စိတ်ညစ်နေကြသည်လေ

Tae : ငါကျောင်းမတက်ချင်ဘူး jiminie ရာ စာတွေမလုပ်ချင်ဘူး
Jimin : ငါရောပဲ ဟင့် ဘာလို့ကျောင်းက ၃ လတည်း ပိတ်ရတာလဲမသိဘူး
Jin : အမှန်ဆို ပြောင်းပြန်ဖြစ်သင့်တာ ကျောင်းကို ၃လပဲတက်ရပီး ကျန်တဲ့အချိန်တွေက ပိတ်သင့်တာ
Tae : ဟုတ်တယ် မှန်တယ် အဲ့လိုဖြစ်သင့်တာ

Hoseok : ရူးနေလား အဲ့လိုဆို ဘယ်အချိန်စာသွားသင်တော့မလဲ
Jin : မင်းကလဲ ၃ လတောင်သင်လို့ရတာပဲ အာ့ဆို ကလေးတွေလည်း မငြီးငွေ့တော့ပဲ ကျောင်းတက်ချင်စိတ်ဖြစ်တယ် ဘယ်လောက်ကောင်းလိုက်လဲ
Hoseok : အင်းပါ mr.brain ကြီးရယ်

သူငယ်ချင်း ၄ယောက်ထဲတွင် hoseok တစ်ယောက်သာ စာကြိုးစားသည် ကျန် ၃ ယောက်မှာတော့ စာကို တစ်စက်ကလေးတောင် စိတ်မ၀င်စားပေ
အခုလည်း ကျောင်းကိုသွားရာလမ်းတွင် လမ်းလျှောက်ရင်း တစ်ယောက်တစ်ပေါက်ပြောနေကြလျက် ...

Jimin : ထယ်ထယ် ငါတို့ ပထမတစ်ချိန်တက်ပီးရင် အတန်းလစ်ကြမလား
Tae : ဟမ် စစချင်းနေ့တည်းက လစ်မို့လား
Hoseok : ဟေ့ရောင် မင်းကလဲ စစချင်းနေ့လေးတော့ အပြည့်တက်ပါအုံးကွ
Jimin : minie အတွက်တော့ စာသင်ရတာ ငရဲကျနေသလိုပဲ စာအုပ်ကိုမြင်လိုက်တာနဲ့ကို ရင်ထဲမှာ တစ်ဆစ်ဆစ်နာနေတာ

Hoseok : ဘာဆိုင်လို့
Jimin : စာအုပ်ကိုတွေ့ရင် ဖွင့်ရမယ်လေ ဖွင့်ပီးရင် ဖတ်ရမယ်လေ ဖတ်ပီးရင်ကျက်ရမှတ်ရမယ်လေ ပီးရင် စာမေးပွဲဖြေရမယ်လေ ၊ လုပ်ရမယ့် တစ်သီတစ်သန်းကြီးကို တွေးမိပီး စိတ်ညစ်လို့ပါ ၊ ပီးတော့ စာမေးပွဲပီးတာနဲ့ အဲ့စာတွေအကုန်လုံးမေ့ပစ်ပီးအသစ်ထပ်ကျက်ရတာပဲကို ပီးရင်မေ့သွားမယ့်ဟာတွေကို အလုပ်ရှုပ်ခံပီး ကျက်ခိုင်းတာကို ရင်နာလွန်းလို့ပါ

Paradise 파라다이스Where stories live. Discover now