ရိပေါ်ထွက်သွားတဲ့အခါ ရှောင်းကျန့်အရုပ်ကြိုးပြတ်ကျန်ခဲ့ပါတယ်.... Zack က ရိပေါ်နောက်လိုက်သွားပြီးမှ ပြန်လာခဲ့တယ်.... Zack က ခြေပစ်လက်ပစ်ထိုင်လိုက်ပြီး ဆံပင်တွေကို ထိုးဖွနေတယ်..

"Zack ငါတောင်းပန်ပါတယ်.."
"မဟုတ်တာကွာ.... ကံကဆိုးတာပါ... မနက်ဖြန်ထိလေးပဲစောင့်လိုက်နိုင်ရင် ဒီလောက်ဆိုးသွားမှာမဟုတ်ဘူး.."
"ဘာဆက်လုပ်ကြမလဲ.."
"မသိဘူး.. ငါရိပေါ်ကို ဘယ်လိုမှမပြတ်နိုင်ဘူး ကျန့်... ငါပြန်တော့မယ်နော်.. ပင်ပန်းနေပြီ"

Zack ပြန်သွားပြီးတဲ့နောက် ရှောင်းကျန့်အကြာကြီးထိုင်နေမိတယ်... Zack ကိုလဲဘယ်လိုနှစ်သိမ့်ရမှန်းမသိ... အကုန်လုံးလွန်ကုန်ပြီထင်ပါရဲ့...
.
.
.
ရှောင်းကျန့်အရဲစွန့်ပြီး ရိပေါ်ကိုဖုန်းခေါ်လိုက်တယ်.. ဒီကိစ္စက ဒီအတိုင်းကြီးပြီးသွားလို့မရဘူးလေ... အခေါက်ပေါင်း တော်တော်များများ ခေါ်ပြီးတော့မှ ရိပေါ်ကဖုန်းကိုင်လာတယ်...

"ရိပေါ် ကိုယ်တို့ ခဏတွေ့လို့ရမလား.."
"ဘာကျန်သေးလို့လဲ အရူးလုပ်ဖို့..."
"မဟုတ်ပါဘူးရိပေါ်ရယ်... ကိုယ်ရှင်းပြချင်တာတွေရှိလို့ပါ... ပြီးရင်ရိပေါ်ကိုယ့်ကို ကြိုက်သလို အပြစ်ပေးလို့ရပါတယ်.."
"ဟဟ... ကျွန်တော်မလုပ်ရက်ဘူးဆိုတာ ခင်ဗျားကောင်းကောင်းကြီးသိလို့ ဒါတွေပြောနေတာလား..
ကောင်းပြီလေ..တွေ့တာပေါ့..."
.
.
.
ရှောင်းကျန့်က ရိပေါ်ကိုစတွေ့ခဲ့တဲ့ စကိတ်ကွင်းနဲ့တွဲရက်ပန်းခြံလေးမှာပဲချိန်းလိုက်တယ်..

"Zack က အဲ့ဒီစကိတ်ကွင်းမှာ ရိပေါ်ကိုစတွေ့ခဲ့တာပေါ့.. မြင်မြင်ချင်းပဲ သဘောကျလို့ ကိုယ့်ကို အကြံဥာဏ်တောင်းခဲ့တာ.. သူ့ဘဝမှာ ဒီလိုအလေးအနက်သဘောကျဖူးတာ ရိပေါ်တစ်ယောက်တည်းပဲရှိတာ... အဲ့ဒါကြောင့် သေချာ..."
"ကော...
ကျွန်တော့်ကိုခေါ်ပြီး ဒါတွေနားထောင်ခိုင်းနေတာ တစ်ဆိတ် မရက်စက်လွန်းဘူးလား... ဟိုလူကို အကျိုးဆောင်နေတာကရော မပြီးတော့ဘူးလား.. ခင်ဗျားကိုကြိုက်နေတဲ့ ကျွန်တော့်ကို တစ်ခြားတစ်ယောက်လက်ထဲထိုးပေးနေတာရော လွန်လွန်းတယ်မထင်ဘူးလား.. ဟင်လို့ ကော.."
"......"
"ခင်ဗျားကသိပ်တော်တယ်... ကျွန်တော် ခင်ဗျားကိုဘယ်လိုသဘောထားနေလဲသိရက်သားနဲ့တောင်...
ဟိုလူကိုကျတော့ ခံစားရမှာစိုးလို့အရမ်းတွေကူညီနေပြီး ကျွန်တော့်ကိုကျတော့ နဲနဲမှ ထည့်မတွက်ဘူးမလား... ခင်ဗျားအတွက်ကျွန်တော်က ဘာကောင်မှမှ မဟုတ်ဘူးဆိုတာသိပေမဲ့ ဒီလောက်ကြီးလုပ်ရက်မယ်လို့တော့ မထင်ခဲ့ဘူး.."
"မဟုတ်ဘူးရိပေါ်!!"
"ဘာကမဟုတ်တာလဲ..."
"ရိပေါ်ကို ထည့်မတွက်ဘူးဆိုတာမဟုတ်ဘူး.. ကိုယ့်အတွက် ဘာမှမဟုတ်ဘူးဆိုတာလဲ မဟုတ်ဘူး.."
"ဒါဆိုပြောပါဦး... ကျွန်တော်က ကောအတွက်ဘာလဲ... ကောစိတ်ထဲ ကျွန်တော်ရှိဖူးလား..."
"......"
"ကျန့်ကော...ပြောပါဦးလို့.."
"ရိပေါ်က...ကိုယ်တစ်ကယ်ခင်ရတဲ့ညီလေးပါ.."
"ဟားဟား...ကျွန်တော်ကလေ တစ်ကယ်ကို စောက်ရူးဗျ.. ကောသိလား... မျှော်လင့်ရလို့ တစ်ခုပြီးတစ်ခုခံနေရတာလဲမမှတ်သေးဘူး... ခုလေးတင်ထိကို ထပ်မျှော်လင့်နေတုန်း.. ဘယ်လောက်ပဲ မမျှော်လင့်တော့ဘူးပြောပြော ခင်ဗျားနဲ့တွေ့ရင် မျှော်လင့်ချင်တုန်း...
စာတွေတုန်းကလဲ ကောပဲလို့ မျှော်လင့်ထားပြီး Zack ဖြစ်နေတော့ ကျွန်တော်ဘယ်လောက်ခံစားရလဲ... ပြီးတော့ ကောငြင်းလိုက်တုန်းကလဲ သေမလိုပဲ ဒီကောင်က.. စာတွေကိစ္စမှာ ဒီလိမ်စင်ကြီးမှာကောပါနေတယ်ဆိုတုန်းကလဲ အလူးအလဲပဲ.. Zack ကလိမ်လို့ဆိုတာထက် ကောကလုပ်ရက်လို့ ကျွန်တော်ဒီလောက်ဖြစ်နေတာ.. အခုလဲ ကောကထပ်ပြီး အဲ့ဒီလူနဲ့ပြေလည်အောင် နားချနေပြန်ပြီ... မလုံလောက်သေးဘူးလား... ကျွန်တော်အခု မသေရုံတစ်မယ်ပဲလေ.."
"ရိပေါ် ကိုယ်တောင်းပန်ပါတယ်.."
"တောင်းပန်တာကိုလိုချင်လို့ အခုကောနဲ့လာတွေ့တာမဟုတ်ဘူး.. မတောင်းပန်နဲ့...Zack ကိုလဲပြောလိုက်ပါ ထပ်လာမတွေ့ဖို့.. ကျွန်တော် သူ့ကိုစိတ်ထဲမရှိပဲ တွဲဖို့လုပ်မိတာ အဲ့တုန်းကတော့ အားနာမိပေမဲ့ အခုတော့ ကျေပြီပေါ့.."
"ကောင်လေး ကိုယ့်ကိုမုန်းလား"
"အဟက်... အဲ့နာမည်ကိုလဲရူးခဲ့ရသေးတာပဲ... ဘာတွေများအဖက်လုပ်နေသေးတာလဲ... ကျွန်တော်ချစ်ချစ်မုန်းမုန်း ကောက မှုတဲ့လူမို့လား.. စိတ်မပူပါနဲ့.. ကျွန်တော်က ကောဘာပဲလုပ်လုပ် မုန်းလို့မရပဲ ကိုယ့်ကိုကိုယ်ပဲအပြစ်တင်ပြီး ပြီးသွားမဲ့ကောင်မို့လို့... အဲ့လောက်ထိ ခင်ဗျားကိုချစ်နေလို့.."

LettersWhere stories live. Discover now