ဒီလိုနဲ့အိမ်ရှေ့ရောက်တော့ အိမ်ထဲမဝင်ခင် ရိပေါ်ကိုမှာရသေးတယ်.. နောက်ကို ဆိုင်ကယ်ဦးထုပ်မပါပဲ မစီးဖို့..

"ဟုတ်ကဲ့ပါ ဆရာရှောင်းရဲ့.. နောက်ဆို အပိုဆောင်ထားတော့မှာပါ.. ပုံမှန်ဆိုရင် နောက်ကစီးမဲ့လူမရှိတာနဲ့ ဦးထုတ်အပိုက မရှိနေတာ"

~ဒီကောင်လေး ဘယ်လိုတွေခေါ်လိုက်တာပါလိမ့်..~

ခပ်ပြုံးပြုံးနဲ့ပြောနေတဲ့ သူ့ရှေ့က ဂွမ်းလုံးလေးကို အသဲယားလွန်းလို့ ပါးဖောင်းဖောင်းလေးကိုဆွဲမညှစ်မိအောင်ထိန်းထားရတယ်..

"ကိုယ်ဝင်တော့မယ်နော်... အိမ်ကောင်းကောင်းပြန် ပေါက်စလေး.."

ထိန်းထားတဲ့ကြားက ဒီနာမည်ကို ရအောင်ထွက်သွားရသေးတယ်...
.
.
.
.
.
ဒီလိုနဲ့ ရိပေါ်ရဲ့ပြိုင်ပွဲနေ့ကိုရောက်လာပါပြီ.. မသွားဘူးလို့ ဆုံးဖြတ်ထားပေမဲ့ ပွဲချိန်နီးလေ စိတ်ကမရိုးမရွဖြစ်လေမို့ ရှောင်းကျန့် hoddie ပွပွကိုဝတ်၊ ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းပြီး ထွက်လာလိုက်တော့တယ်.. တစ်ခါတစ်လေ ကိုယ့်နှလုံးသားနောက်လိုက် လိုက်ရတာက ကိုယ့်စိတ်ကို အနားပေးရသလိုပဲလေ...
ရိပေါ်တို့ စမှတ်မှာတန်းစီတဲ့အချိန် ကွက်တိလေးပဲ ရောက်သွားတယ်.. ပြိုင်နေတဲ့တစ်လျှောက်လုံး ရိပေါ်က ရှေ့ကနေဦးဆောင်နေပေမဲ့ ရှောင်းကျန့်ရင်တမမပါပဲ.. အကွေ့တွေများရောက်လို့ မြေကြီးနဲ့ထိမတတ်ဖြစ်နေရင် သိပ်တောင်မကြည့်ရဲဘူး... အန္တရာယ်ကင်းကင်းနဲ့ ပန်းဝင်သွားတော့မှ ရှောင်းကျန့်ရင်ထဲက အလုံးကြီးကျသွားတော့တယ်... ဆုပေးပွဲမစခင်ပဲ ရှောင်းကျန့်ပြန်လာလိုက်တယ်... ဆုယူရင် မလုံ့တလုံမိန်ကလေးတွေခြံရံပြီး ဓာတ်ပုံရိုက်ကြဦးမှာ... ဒါမျိုးတွေကို ကိုယ်က ကြည်ကြည်သာသာနဲ့ ဘယ်လိုကြည့်ရမတုန်း...
.
.
.

May, 2019

တစ်နေ့က ရိပေါ်က ပြောစရာရှိတယ်ဆိုပြီးချိန်းလာတာနဲ့ ရှောင်းကျန့် gallery မှာစောင့်နေလိုက်တယ်.. ရင်တော့နဲနဲတုန်မိတယ်... စာကိစ္စသိသွားတာတော့ မဟုတ်ပါစေနဲ့လို့ကြိတ်ဆုတောင်းရတယ်...
ရိပေါ်ရောက်လာတော့ ကော်ဖီဆိုင်မသွားဘူးဆိုတာနဲ့ သစ်ပင်ကြီးအောက်က picnic table ကိုပဲခေါ်လာလိုက်တယ်.. ဒီနေ့ကောင်လေးကိုကြည့်ရတာ မူမမှန်ဘူး.. မျက်လုံးချင်းလဲမဆုံဘူး.. လက်ဖဝါးနှစ်ခုကိုလဲ တစ်ချိန်လုံးပွတ်နေတယ်...

LettersWhere stories live. Discover now