From Z"

ရှောင်းကျန့်က စာအိတ်ကို သူကြိုက်တဲ့အပြာရောင်ကိုရွေးပြီး စာကိုထည့်လိုက်တယ်... စာမပို့ခင် Zack ကိုပြတော့...

"Wow!! I love it!! အဲ့ဒီ nickname လေးကိုလဲကြိုက်တယ်.. ပြောသားပဲ မင်းကငါ့ထက်ပိုရေးတတ်ပါတယ်ဆို.. ဪ ဒါနဲ့ ငါရိပေါ်နောက်ကို လူလွှတ်ထားတယ်.. သူတစ်နေ့တာ ဘာလုပ်လဲဆိုတာသိရရင် မင်းစာရေးကတာပိုလွယ်မလားလိုလေ.."

ရှောင်းကျန့် ယဲ့ယဲ့လေးပဲပြုံးနိုင်ပါတယ်.. ရင်ထဲမှာရှိနေတာတွေကို စာအဖြစ်ချရေးဖို့က မခက်ဘူးဆိုတာ ရှောင်းကျန့် မပြောဖြစ်လိုက်တော့ပါဘူး..
.
.
.

February,2020

ရှောင်းကျန့်စာတွေရေးပြီးလို့ Zack ကိုပြပြီးရင် အတွင်းရေးမှုးကို ရိပေါ်ရဲ့အိမ်ရှေ့က စာတိုက်ပုံးလေးဆီပို့ခိုင်းရတယ်... ဒီလိုနဲ့နေ့တိုင်းစာတွေပို့နေလိုက်တာ ၂ လနီးနီးလောက်ရှိခဲ့ပြီ..
ဒီနေ့ရှောင်းကျန့် အလုပ်လဲပါးတာနဲ့ gallery က studio ထဲမှာ ပန်းချီရေးနေရင်း ဆေးလိပ်သောက်ချင်လာတာနဲ့ cafe ဖက်ကိုထွက်လာလိုက်တယ်...
ရှောင်းကျန့်ရဲ့မိဘတွေက လုပ်ငန်းတွေက ဇာတိဖြစ်တဲ့ ချုံချင်းမှာပဲမို့ ရှောင်းကျန့်နဲ့မတူမနေဖြစ်ကြပါဘူး.. မိဘလုပ်ငန်းကိုမဆက်ခံပဲ ဝါသနာပါရာ ပန်းချီရေးတာကိုပဲ လုပ်ချင်တဲ့ရှောင်းကျန့်က ပေကျင်းမှာ gallery လေးဖွင့်ဖြစ်တယ်.. ကော်ဖီလဲကြိုက်တာမို့ ကော်ဖီဆိုင်လေးကိုပါ တွဲပြီးဖွင့်ထားလိုက်တာ....
Cafe ရဲ့ outdoor မှာ ကော်ဖီလေးတမြုံ့မြုံ့နဲ့ စာအုပ်ဖတ်ရင်း ဆေးလိပ်သောက်ရတာကို ရှောင်းကျန့်က အတော်ကြိုက်ပါတယ်...
ကော်ဖီကုန်တော့ နောက်တစ်ခွက်ထပ်သောက်ဖို့ ဆိုင်ထဲလှမ်းကြည့်မိလိုက်တဲ့အခါ....

~အဲ့လောက်တောင်တိုက်ဆိုင်ရလား~

သူ့ရဲ့ပေါက်စလေးက သူငယ်ချင်းတွေနဲ့စကားပြောနေလေရဲ့... ဒီလိုအချိန်မှာ ရှောင်းကျန့်က ရိပေါ်ကိုရအောင် ရှောင်ချင်ပါတယ်... ကောင်လေးကိုမြင်နေရရင် အပြစ်လုပ်ထားမိတဲ့စိတ်က သူ့ကို နေရခက်စေတယ်လေ... ပြီးတော့ ရိပေါ်သူ့ကို မျက်မှန်းတမ်းမိသွားရင် ကောင်းစရာကလဲမရှိဘူးမဟုတ်လား.. ရှောင်းကျန့် ကော်ဖီထပ်မသောက်တော့ပဲ gallery ဖက်ကိုပဲ အမြန်ကူးလာလိုက်တော့တယ်...
.
.
...

LettersDonde viven las historias. Descúbrelo ahora