ရိပေါ်အိမ်ရောက်တော့ Jackson ကိုဖုန်းဆက်လှမ်းခေါ်လိုက်တယ်... ရိပေါ်က ပျော်စရာဖြစ်ဖြစ် စိတ်ညစ်စရာဖြစ်ဖြစ် Jackson ကိုအရင်ဆုံးပြောပြတတ်တာ... ရိပေါ်ကိစ္စတွေကိုဆိုရင် သူ့ကိစ္စလိုပဲ အတူခံစားပေးပြီး အားပေးတာ အကြံဥာဏ်ပေးတာကြောင့် အကိုတစ်ယောက်လိုလဲ အားကိုးရပါသေးတယ်.. ပြိုလဲရတိုင်း ခေါ်လိုက်တာနဲ့ ဆဲဆိုနေပေမဲ့ အပြေးရောက်လာပေးတာပါပဲ...

"ရော့ သောက်လိုက်ဦး.."
"အင်း.."

Jackson လှမ်းပေးတဲ့ ဘီယာဗူးကို တစ်ကျိုက်ထဲမော့သောက်ပစ်လိုက်တယ်...

"ဖြေးဖြေးသောက်ဟေ့ရောင်ရ"
"ပင်ပန်းတယ်ငါ... ဒီလိုတွေဆက်မဖြစ်ချင်တော့ဘူး... ပထမတုန်းက အမှားတွေမျှော်လင့်မိလို့ ငါ့ကိုယ်ငါအပြစ်တင်တယ်.. နောက်တော့ မနေနိုင်မထိုင်နိုင်နဲ့ ကျန့်ကောကို ဖွင့်ပြောပြီး အငြင်းခံရတော့လဲ ကောကို စိတ်ရှုပ်အောင်လုပ်မိလို့ ငါ့ကိုယ်ငါပဲအပြစ်တင်တယ်... အခုကျတော့ ကိုယ့်အပြစ်ကြီးပဲလို့ထင်ခဲ့လို့ ကိုယ့်ကိုကိုယ် အပြစ်တင်ချင်တယ်... ငါရူးနေပြီ.. ငါက ဟိုလူကိုတောင် အားနာလိုက်သေးတာ မကြိုက်ပဲ တွဲမိလို့.."
"ကိုယ့်ကိုကိုယ်တော့အပြစ်မတင်ပါနဲ့ကွာ... ကံဆိုးသွားလို့ပါ.."
"ကျန့်ကောကတော်တော်ရက်စက်တာ ငါ့ကို... တစ်ချက်တောင်မျက်နှာမပျက်ဘူး လုပ်သွားတာများ... ငါဖွင့်ပြောလိုက်တုန်းကဆို ဘယ်လောက်တောင်လှောင်နေမလဲမသိဘူး စိတ်ထဲကနေ..
ဒီအရူးကလေ ပြိုင်ပွဲလာဖို့လက်မှတ်တောင်သွားပေးလိုက်သေးတယ်... ပြီးတော့ရောက်လာတယ်ထင်ပြီးပျော်လိုက်သေးတာ.. ပြီးတော့ ငါသွားလဲနမ်းလိုက်သေးတယ်...
ကောကရည်းစားရှိတယ်သိလား... ကောင်မလေး..
ဟိုလူကဟင်းမချက်တတ်ဘူးတဲ့... ငါစားလိုက်ရတဲ့ ယွမ်ရှောင်းက ကောချက်တာပဲဖြစ်မယ်..
ကောက ဆေးလိပ်တွေအရမ်းသောက်တာ.. စာတွေမှာဆို ဆေးလိပ်နံ့လေးတွေတောင်စွဲနေတာ..
သူ့မာဖလာလေးမှာရောပဲ..  ငါမလျှော်ထားဘူး.. နှမျောလို့လေ..
ပေါက်စလေးလို့လဲခေါ်သေးတယ်ကောက...
သူ့လက်လေးတွေကအရမ်းနွေးတာ ငါ့ပုခုံးမှာလေ..
ကျန့်ကောအိမ်လေးကချစ်စရာလေးသိလား.. ငါ၂ခေါက်ရောက်ဖူးတယ်..
ကောရဲ့နှုတ်ခမ်းကလဲနွေးတာပဲ...
သူက ငါ့ကိုတွန်းပြီး အိမ်ထဲဝင်သွားတာ.."

LettersWhere stories live. Discover now