"ကောင်လေး??"

ရိပေါ်လန့်ပြီး တုန်တောင်သွားတယ်။ ခိုးလာပါတယ်ဆိုကာမှ လူမိရတဲ့အဖြစ်ပါပဲ...

"ဟီး ကျန့်ကော.."
"ရိပေါ် ဘာလုပ်နေတာလဲ"
"ကျွန်တော် အိမ်ပြန်နေတာ.."
"..."
"အာ.. အိမ်ပြန်မလို့လို့ပြောတာ.."
"...."
"လွမ်းလို့... ကောကိုလွမ်းလို့လာတွေ့တာ.."
"...."
"မနက်ဖြန် ပြိုင်ပွဲရှိလို့ ကောဆီကနေအားလာယူတာ.."
"..."

ရိပေါ် သူ့ကိုယ်သူမသိလိုက်ခင်မှာပဲ ရှောင်းကျန့်ရဲ့မျကနှာကိုဆွဲယူပြီး နှုတ်ခမ်းတွေကို ဖိနမ်းမိလိုက်တယ်..
ခဏလေးပါပဲ... တစ်လောကလုံးတိတ်ဆိတ်သွားပြီး အေးချမ်းသွားလိုက်တာ... တစ်ကယ်ကိုခဏလေးပါပဲ.. ရှောင်းကျန့်ကရိပေါ်ကိုတွန်းလွှတ်လာတယ်..

"ရိပေါ်.. မင်းဘာလုပ်တာလဲ.."
"ကော ကျွန်တော်တောင်းပန်ပါတယ်... မရည်ရွယ်ပါဘူး.."
"တွဲနေတဲ့လူရှိနေတာကို ငါ့ကိုဒီလိုလာမလုပ်နဲ့ရိပေါ်.."

ရိပေါ်ကိုတွန်းတိုက်ပြီးရှောင်းကျန့်အိမ်ထဲဝင်သွားတော့တယ်..

~ငါတဲ့လား.. တစ်ခါမှအသုံးဘူးတဲ့ဒီနာမ်စား...
စိမ်းကားလိုက်တာကျန့်ကောရာ..
သေချာပါတယ် ဒီလောက်ဆို ကျန့်ကောကမုန်းသွားလောက်ပြီ..~

ရိပေါ်အလဲလဲအပြိုပြိုနဲ့ အိမ်ကိုပြန်ရောက်လာတယ်.. ပြီးတော့ အဖြစ်အပျက်တွေကို ပြန်စဉ်စားမိတယ်..

*တွဲနေတဲ့လူရှိနေတာကို ငါ့ကိုဒီလိုလာမလုပ်နဲ့ရိပေါ်*

~ကောက ငါတွဲနေတဲ့သူရှိမှန်း ဘယ်လိုသိသွားတာလဲ..~

ရိပေါ်အတွေးတွေကိုရအောင်ဖျောက်ပြီး ကြိုးစားအိပ်ရပါတယ်.. မနက်ဖြန်ပွဲက သူအရမ်းအားခဲထားတဲ့ပွဲမဟုတ်လား.. သူ့စိတ်ကိုလွှတ်လိုက်လို့မဖြစ်ဘူးလေ... ဖြစ်သင့်တာကိုဦးစားပေးရပါတယ်..
.
.
.
ညကစိတ်ပင်ပန်းထားရတာမို့ ပွဲမှာရိပေါ်စိတ်တွေက လေးလံလို့.. Zack ကဘယ်လိုပဲအားပေးနေပေမဲ့ သက်တော့မသက်သာလာဘူး...

တာထွက်ပါပြီ.. professional ဆန်တဲ့ရိပေါ်က ပွဲအပေါ်ကို အာရုံအပြည့်ထည့်ကာပြိုင်ပါတယ်.. ဒါပေမဲ့ ကံဆိုးမှုဆိုတာက အဖော်အပေါင်းနဲ့လာတတ်တဲ့အမျိုးလေ..ရိပေါ်ဆိုင်ကယ်က ပြေးလမ်းပေါ်ရောက်မှ စက်ချို့ယွင်းတာကြောင့် စတုတ္တနေရာနဲ့ပဲကျေနပ်လိုက်ရတော့တယ်... ရိပေါ်အရမ်းအားခဲထားရတဲ့ပွဲဆိုတော့ ကျိတ်မနိုင်ခဲမရတော်တော်ဖြစ်ရပါတယ်..

LettersWo Geschichten leben. Entdecke jetzt