Taehyung.ဦး

သူခေါ်တော့ဦးကမော့ကြည့်လာသည် ဦးရဲ့မျက်နှာလည်းတော်တော်နီရဲနေသည်

Seokjin.မင်းဘာလို့ဒီမှာရှိနေသေးတာလဲ ငါမင်းကိုငါ့တို့ဆီကနေထွက်သွားဖို့ပြောထားတယ်မလား

ဦးရယ်ကျွန်တော့်ကိုတွေ့ရုံနဲ့တင်ထွက်သွားဖို့ပြောနေပြီဆိုတော့

Taehyung.ကျွန်တော်ထွက်သွားမှာပါ ဒါပေမယ်ဦးဆီကနေတစ်ခုလောက်သေချာအောင်မေးသွားချင်လို့

Seokjin.ဘာများလဲ

Taehyung.ဦးကျွန်တော်အပေါ်သံယောဇဉ်နည်းနည်းလေးတောင်မရှိဘူးလား

သူမေးတော့ဦးရီသည်

Seokjin.သိပြီးသားအဖြေကိုဘာလို့ထပ်ကြားချင်နေရတာလဲ ဒါပေမယ့်ငါဖြေပေးပါ့မယ် မရှိဘူး

Taehyung.မရှိဘူး

Seokjin.ဟုတ်တယ်..မရှိဘူး ခုငါ့အဖြေကိုမင်းကြားပြီးပြီးဆိုတော့ငါ့ဆီကနေအပြီးအပိုင်ထွက်သွား..မဟုတ်ဘူး ဒီလောကကနေပါတစ်ခါထဲထွက်သွားရင်ပိုကောင်းမယ်

ဦးရဲ့စကားတွေကကျွန်တော့်နားထဲသံပူလောင်းချသလိုပူလောင်လှသည်ဦးကျွန်တော့်အပေါ်ရက်စက်လွန်းတယ်လို့မထင်ဘူးလား

Taehyungငိုချင်ပေမယ့်ငိုတာကိုမကြိုက်ဘူးလို့ပြောထားတဲ့ဦးရှေ့မှာမငိုချင်တာမို့မျက်လုံးအိမ်ထဲကမျက်ရည်များကိုထိန်းထားကာဦးတည်ချက်မရှိပဲလျောက်သွားနေလေသည် စိတ်အစုံဟာလည်းလွင့်ပြယ်နေသည်မို့နောက်ကနေလာတဲ့ဟွန်းတီးသံမကြားပဲလမ်းဖြတ်ကူးလိုက်ရာ

ဒုန်း!!!

ဒုန်းဆိုတဲ့အသံနဲ့အတူသူ့ခန္ဓာကိုယ်ဟာလဲသွေးအိုင်ထဲလဲကျနေပြီ

ဟက် ဦးမျော်လင့်ထားတဲ့အတိုင်း အဟွတ်...

ချောင်းဆိုးလိုက်တိုင်းသွေးများအန်ကျလာသည်

ကျွန်တော်..ကျွန်တော်ဒီလောကကနေထွက်သွားရတော့တော့မယ်ထင်တယ်

Boy.ဘယ်လိုလုပ်ရမလဲ အစ်ကိုကြီး အရင်အတိုင်းပဲရှင်းလိုက်ရမလား

Man.မဟုတ်ဘူး..သူ့ကိုဒီတိုင်းဆေးကုပေးလိုက်

Boy.nae

Final Result (TaeJin)Where stories live. Discover now