~လွမ်းတာကလွဲရင်ပေါ့.~

ရိပေါ် လွမ်းတဲ့အကြောင်းတွေကိုတော့ မပြောဖြစ်တော့ပါဘူး.. ရှောင်းကျန့်စိတ်ရှုပ်နေရခက်မှာစိုးတာရယ်၊ Zack ရဲ့မျက်နှာရယ်ကြောင့်ပေါ့.. ဘယ်လိုပဲလေးနက်တဲ့ ဆက်ဆံရေးကိုမရောက်သေးဘူးပဲဆိုဆို Zack ရဲ့ဖြစ်တည်မှုကိုတော့ ရိပေါ် respect ပေးရမည်လေ...

"ကော ခရီးတွေသွားသေးလား.."
"အင်း.. ဟိုတစ်လောကတော့သွားတယ်.. အခုတော့သွားဖို့မရှိသေးပါဘူး.."

ဘာဆက်ပြောရမှန်းမသိကြတော့ တိတ်သွားကြပြန်တယ်... နဲနဲနေရခက်တဲ့အခြေအနေဆိုပေမဲ့ ရိပေါ်ဒီအချိန်လေးကို ရပ်ထားချင်မိတယ်.. သူတန်ဖိုးထားရတဲ့လူသားလေးနဲ့အတူရှိတဲ့အချိန်မဟုတ်လား...

"ရိပေါ်.. ကိုယ် meeting ချိန်နီးပြီဆိုတော့ ဝင်တော့မယ်နော်.."
"ဟုတ်ကော.."
"See you ရိပေါ်.."
"See you ကော.."

~တစ်ကယ်ကို ပြန်တွေ့ချင်တယ်ကော~
.
.
.
.
.
ရိပေါ်နဲ့ Zackတို့ date တာ ဘာလိုလိုနဲ့  ၃ လထဲတောင်ဝင်လာပြီ.. Zack ကပြန်လာတော့မယ်တဲ့... ရိပေါ်ကအထွေအထူးမဖြစ်ပေမဲ့ Zack ကတော့တော်တော်လေးကို ပျော်နေရှာပါတယ်.. နှစ်ယောက်စ date ထဲက အခုမှရိပေါ်နဲ့ ကောင်းကောင်းအချိန်ကုန်ရမှာဆိုတော့ လုပ်ချင်တဲ့ wishlist ကလဲတန်းစီလို့...

ဒီတစ်ခေါက်ပြန်လာတဲ့အခါ ကိုယ့်အပေါ်ကောင်းလွန်းတဲ့ Zack အပေါ် ရိပေါ် စိတ်နှစ်ကြည့်ဖို့ စဉ်းစားထားပါတယ်....

_____________________

(Zawgyi)

"ကျွန်တော်တို့ date ကြည့်တာပေါ့.. နောက်တော့အဆင်ပြေရင်တော့ တွဲတာပေါ့.."

ရိပေါ်စိတ်ပေါက်ပေါက်နဲ့ Zack နဲ့ date ဖို့ဆုံးဖြတ်လိုက်တယ်... Zack လိုလူကို ဒီလိုမလုပ်သင့်တာသိပေမဲ့ ရိပေါ်တစ်ကိုယ်ကောင်းဆန်မိပါတယ်... Zack ကလဲ အနောက်တိုင်းသွေးနှောတဲ့သူပဲလေ.. ဒီလိုဆက်ဆံရေးမျိုးက သူ့အတွက်မဆန်းပါဘူး...

ရိပေါ်တို့ date ကြည့်ကြမယ်ဆိုတဲ့နောက်ပိုင်းမှာ တစ်ခေါက်လောက်ပဲတွေ့ဖြစ်လိုက်ပြီး Zack က US ပြန်သွားရတာကြောင့် ဖုန်းနဲ့ပဲအဆက်အသွယ်လုပ်ဖြစ်ကြတယ်.. ရိပေါ်တို့ဆက်ဆံရေးက ခေါင်းစဉ်သာပြောင်းသွားပေမဲ့ အရင်လို သူငယ်ချင်းတွေလိုပဲပြောဆိုကြခြင်းနဲ့ Zack က ရိပေါ်ကို ဝန်ပေါ့စေပါတယ်..

LettersWhere stories live. Discover now