အပိုင်း - ၄၅ (Zawgyi + Unicode)

Start from the beginning
                                    

" အဲ့ဒါ ဘာဖြစ်လဲ "

" တကယ်တော့ အဲ့ဒါ မင်းကို ငါ ဂျင်းထည့်လိုက်တာ "

" ဘယ်လို ? "

" ဟီးဟီး ဟုတ်တယ် ၊ အဲ့နေ့က ဦးသာကို Foreigner တစ်ယောက်နဲ့အတူတူ ပြည်ပဆိုက်ရောက်မှာ တွေ့တာလေ ၊ ဧည့်သည်လာကြိုတာမှန်းသိသားပဲ "

" ဟာ...ခွေးကောင် ငါကတော့ တကယ်မှတ်ပြီး သေမလိုတွေကားမောင်းလာခဲ့ရတာ "

" အောင်မာ ငါ အဲ့လိုလုပ်လိုက်တော့မှ မင်းစိတ်ကို မင်းမြင်ပြီး အခုလိုတွေ အဆင်ပြေသွားတာမဟုတ်ဘူးလား ပြောစမ်းပါ "

ရတုပြောတာက ဟုတ်နေတာကြောင့် ချမ်းလည်း ရယ်ဖြဲဖြဲနဲ့ ခေါင်းငြိမ့်ပြလိုက်ရတော့သည် ။

သူငယ်ချင်းတွေနဲ့တွေ့ဆုံမှုက အဆင်တပြေပြီးသွားတဲ့နောက် ချမ်း နောက်ထပ်မဖြစ်မနေ အသိပေးဖို့စဉ်းစားမိသူတစ်ယောက်ကတော့ အစ်ကိုမိုးယံပင် ။ ကြီးကြီးဒေါ်ဝင်းမာနှင့် အဆင်မပြေသော်ငြား အစ်ကိုမိုးယံကတော့ ချမ်းကို ငယ်စဉ်ကတည်းက ချစ်ခင်ပေးတတ်သူမို့ ချမ်းကလည်း သံယောဇဉ်ရှိသည်သာ ။

သံယောဇဉ်ရှိရတဲ့အစ်ကိုမို့ ပြောချင်တာအပြင် ဦးသာနဲ့တရင်းတနှီးရှိတတ်သူလည်းဖြစ်တာကြောင့် ဦးသာတကယ်ချစ်ရသူဟာ ချမ်းပါဆိုပြီး မဏ္ဍပ်တိုင်တက်ပြချင်တာလည်း နည်းနည်းတော့ပါသည်ပေါ့ ။ ဦးသာနဲ့ပတ်သက်ရင် ချမ်းလည်း စိတ်ပုတ်မိတာတွေများပါပြီလေ ။

" ဟဲလို အစ်ကိုမိုးယံ "

" ဟာ ချမ်းလေး ထူးထူးဆန်းဆန်း ဖုန်းဆက်လာပါလား ၊ ဒီတလောတွေ လိုင်းပေါ်မှာလည်းမတွေ့လို့ အစ်ကိုတောင် ချမ်းဆီ ဖုန်းလှမ်းဆက်ဦးမလို့ "

" ဟုတ်တယ် ၊ ဒီတလောတွေ ကိစ္စလေးနည်းနည်းရှိနေလို့ "

" ငါ့ညီလေး အဆင်ရောပြေရဲ့လား "

" ဟီး ပြေတယ် အစ်ကို ၊ ဒါနဲ့လေ ဒီရက်ထဲ အစ်ကိုအားရင် ရန်ကုန်ကို လာခဲ့ပါဦး ၊ ချမ်း အစ်ကို့ကို surprise လုပ်စရာရှိတယ် "

" ဟေ ထူးထူးဆန်းဆန်း Surprise ဆိုပါလား ၊ စိတ်ဝင်စားသွားပြီကွာ ၊ လာခဲ့မယ် လာခဲ့မယ် ၊ မော်လမြိုင်က ဘာတွေဝယ်လာခဲ့ပေးရဦးမလဲ ၊ ဘာစားချင်လဲ "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now