(၅)

148 8 0
                                    

ီဒီနေ့ကခဗျားဟာလည်း
မနက်ဖြန်ရောက်ရင် အတိတ်ဖြစ်သွားမှာဘဲ..
ကျနော့်အတွက် သိပ်ကိုလှပတဲ့အတိတ်ကလေးပေါ့။

××××××××××××××××××××××××××

၂၀၁၉

နေခြည်နုနုတို့က ပြတင်းပေါက်ကနေ တိုးဝင်လာခဲ့သည်။အခန်းပြတင်းဘောင်အပြင်က ကျူးလစ်အဝါရောင် ပန်းအိုးလေးမှာလည်း မိုးရေစက်တို့ပုလဲလုံးသဖွယ် တွဲလဲခိုလျက်ရှိနေကြသည်။

"အင်.."

ပိုင်ခွန်းသ အညောင်းဆန့်ရင်း ဘေးကိုဖိစမ်းလိုက်သည်။တောင့်တင်းသော ရင်ဘတ်ကြီးကို နှစ်ချက်လောက်ပုတ်လိုက်ကာ မျက်လုံးတို့ဖွင့်ကြည့်လိုက်သည်။

"!!!!အား....!"

သူ့အားထွေးဖက်ကာ အဝတ်အစားမပါအိပ်ပျော်နေသော ရှန်မင်းဆက်ကြောင့် ငယ်သံပါအောင်အော်လိုက်သည်။ထို့နောက် စိတ်ထက် မြန်တတ်တဲ့ သူ့ရဲ့ခြေထောက်နဲ့ ရှန်မင်းဆက်ကိုကုတင်ပေါ်ကနေ ကန်ချလိုက်တော့သည်။

"ဘုတ်..!"

"အ..ဘာလဲဟ !!။ကိုပိုင်ခွန်းသ..ဘာကြောင့်ကန်တာလဲ။"

"အဝတ်က ဘာကိစ္စချွတ်ထားရတာလဲ။"

ပြူးကြောင်ကြောင်နဲ့စောင်ထဲလုံးထွေးကာ မေးနေသော ပိုင်ခွန်းသကို ရှန်သဘောပေါက်လာသည်။ရှေ့ ခေါင်းစုပ်ဖွားနဲ့ သူ့ဆွယ်တာပွပွလေးဖြင့် ကပိုကရိုဖြစ်နေတဲ့ ဒီကိုကိုပေါက်စကိုစနောက်ချင်စိတ်ဖြစ်လာသည်။

"မနေ့ညက ကိုပိုင်ခွန်းသဘဲ ချမ်းလို့ဆို။ဖက်ထားပေးလို့ပြောခဲ့တယ်မလား.."

"မပြောပါဘူး.."

"ပြောပါတယ်..ကျနော်ကမလိမ်တတ်ဘူး။နောက်ပြီး ရင်ဘတ်ကို ကိုင်လို့ကောင်းတယ်လို့ပြောသေးတယ်လေ။"

ရှန်စနောက်လိုက်တာကြောင့် ပိုင်ခွန်းသရဲ့ နားရွှကလေးတွေရဲလာသည်။ထို့နောက် ကုတင်ပေါ်က ခေါင်းအုံးနဲ့ လှမ်းပစ်လိုက်သည်။

"အထက်လူကြီးကိုမလေးမစားမလုပ်သင့်ဘူးနော်.."

"အလုပ်ချိန်မရောက်သေးဘူး။ဒါကြောင့် ကျနော်က ဥက္ကဋ္ဌရဲ့ဝန်ထမ်းမဖြစ်သေးပါဘူးနော်။"

You are My First Love  (or) My InvestigatorWhere stories live. Discover now