"ရိပေါ်... ကိုယ်ကတော့လေ အဲ့လိုခါးတာတွေကြုံရရင် ဟာသပဲလုပ်လိုက်တော့တယ်.. ကိုယ်ပင်ပန်းအောင်မနေဘူး... ကိုယ်နဲ့ကံမပါတာတွေအတွက် အဲ့လောက် energy အကုန်မခံပါနဲ့.. ကိုယ်ကရိပေါ်ကို သက်တောင့်သက်သာလေးပဲ ဖြစ်စေချင်တယ်.."

"ဘာအကြောင်းလဲမမေးဘူးလား Zack"
"ကိုယ်အခု ရိပေါ်သိစေချင်တာတွေ သိပြီးပြီလေ.. မမေးတော့ပါဘူး... သိစေချင်တာရှိသေးရင် ရိပေါ်ထပ်ပြောမှာပေါ့.. ကိုယ်ကစောင့်ပေးမယ်.."
"ကျွန်တော်လဲခင်ဗျားလိုနေနိုင်ရင် တော်တော်ကောင်းမှာပဲ.. အခုတော့ နာလိုက်ရတာဒီထဲက.."

ရင်ဘတ်ကိုပုတ်ခါပုတ်ခါနဲ့ပြောနေတဲ့ ရိပေါ်ကို Zack သေချာကြည့်နေမိတယ်..
ဒီကောင်လေးကို သူတစ်ကယ်ပျော်စေချင်ပါတယ်...
.
.
.
ရိပေါ်ဒီနေ့ Zack နဲ့တွေ့ဖြစ်မယ်.. သူ ရှန်ဟိုင်းကို တစ်ပါတ်လောက်သွားမှာကြောင့် မသွားခင်ခဏတွေကြမယ်ဆိုတာနဲ့။

ရိပေါ် ချိန်းထားတဲ့ နေရာကိုရောက်တော့ Zack ကရောက်နှင့်နေပြီ။

"ရောက်တာကြာပြီလား Zack"
"ခုလေးတင်ရောက်တာ.. ရိပေါ်ဘာစားမလဲ ကြိုက်တာမှာ.. ဒီဆိုင်က western စာ တော်တော်နိုင်တာ... တရုတ်ကိိုလာတိုင်းဒီဆိုင်ကိုလာဖြစ်တယ်.."
"ကျွန်တော်လဲ သဘောကျတယ်...ထိုင်လို့ကောင်းတယ်.."
"တော်သေးတာပေါ့ ရိပေါ်သဘောကျတော့..
ကိုယ်ရှန်ဟိုင်းမှာ တစ်ပါတ်လောက်ကြာမှာ.. စာချုပ်ကိစ္စဆွေးနွေးရမှာတွေကလည်းရှိတော့လေ.. ပြီးရင် ပေကျင်းမှာတစ်ပါတ်လောက်နေပြီးတာနဲ့ US ပြန်ရဦးမယ်.."

Zack က တရုတ်ပြည်မှာ လုပ်ငန်းလာတိုးချဲ့နေတာကြောင့် US နဲ့က သွားလိုက်ပြန်လိုက်လုပ်နေရတာ...

"Have a safe trip Zack."
"Thank you ရိပေါ်.. ကိုယ်မသွားခင်ပြောစရာလဲရှိလို့ ရိပေါ်ကို ချိန်းလိုက်တာ.. ကိုယ်ပြောဖို့ရည်ရွယ်နေတာတော့ကြာပါပြီ.."

ပြောစရာရှိတယ်ဆိုလာတော့ ရိပေါ်နဲနဲတော့ရိပ်မိသလိုပါပဲ.. ကိုယ့်တုန်းကလဲ ဒီလိုပဲနိဒါန်းစခဲ့ရတာပဲဆိုတော့လေ.. ရိပေါ်ဝန်တော့လေးမိတယ်..Zack ကိုက မိတ်ဆွေတစ်ယောက်လိုခင်မင်နေပေမဲ့ အပြာရောင်စာအိတ်တွေရဲ့ပိုင်ရှင်အနေနဲ့ကတော့ ခုထိမမြင်နိုင်သေးတာမို့...

LettersWhere stories live. Discover now