part 11

10.9K 1.2K 111
                                    

Unicode

ကိုကို့ဖေဖေနဲ့မေမေအား ကိုကိုဟာကျွန်တော့ကြောင့်စာမေးပွဲအကျခံလိုက်တာဖြစ်ကြောင်းပြောပီးတောင်းပန်စကားဆိုလိုက်သည်
ကိုကို့အဖေမှာတော့ရီရအခက် ငိုရအခက်ပေါ့
"ငါ့သားရယ် အချိန်တန်ပေးစားမှာပါကွာ"လို့ပြောပီးပြုံးစိစိ
ကိုကို့မေမေကလဲ "ဂျွန်ဂျောင်ကု အံ့သြတယ်ဟယ် ဂရင်းနစ်စံချိန်တွေတင်ကုန်ပါအုံးမယ်"ဟုနောက်နေလေသည်
နောက်ဆုံးတော့ကိုကို့အားဆူလဲမဆူတော့ပဲ နားလည်ပေးလိုက်ရတယ်ပေါ့

တစ်ရက်မှာ Hygတွေကော ကျွန်တော့ကောင်တွေနဲ့ပါအကုန်လုံးစုပီးလျှောက်လည်ဖြစ်ကြသည်
ကိုကိုဟာကျွန်တော့အတွက်စာမေးပွဲအကျခံလိုက်တာကိုပြောပြတော့ ကိုကို့ရဲ့ချစ်တတ်နေမှုကြီးကိုအကုန်လုံးလက်ဖျားခါကြလေသည်

yoongiကတော့ jimin hyungကိုမျက်စောင်းတခဲခဲ

"hyungလဲအဲ့လိုစာမေးပွဲအကျခံလိုက်ပါလား"

"Giရယ် ကိုယ်လဲဘယ်လိုအောင်သွားမှန်းတောင်မသိဘူး အောင်စာရင်းမှာကိုယ့်နာမည်ပါလာတာအခုထိအိမ်မက်လိုပဲ"

"တက္ကသိုလ်သွားပီးနန့်ချင်နေတာသိသားပဲ"

"မဟုတ်ပါဘူးကွာ ကိုယ်နေ့တိုင်းgiဆီကိုလာမှာ စိတ်ချ"

"လာတာကလာတာပဲလေ ဟိုမှာဘယ်လိုရွထနေမလဲဆိုတာသိမှမသိရပဲ"

ထိုအခါ jin hyungက
"ဆက်ငြင်းခုံနေမယ်ဆိုနေခဲ့တော့
လူစုပီးအတူပျော်ရအောင်ပါဆို စောင်rsတွေကရှုပ်ကိုရှုပ်တယ်"

အကုန်လုံးကဝင်မပြောရဲလို့ငြိမ်နေကြချိန်
jin hyungကကယ်တင်ရှင်ကြီးပမာ
ဟိုဆက်ဆက် ဒီဆက်ဆက် jin hyungအကျင့်ကဒါမျိုးမှာကျအလွန်အသုံးဝင်ပဲ ><

"သွားကြမယ် မင်းတို့အတွဲပြေလည်မှလိုက်ခဲ့
မပြေလည်ရင်ပြန်ကြတော့"

jimin hyungမှာ yoongiကိုတတွတ်တွတ်နဲ့ ကတိတွေပေး၊ giကိုပဲချစ်တာပါ
giလေးကိုယ့်အကြောင်းတွေသိချင် jinကိုမေးကြည့် ဖုန်းအမြဲလှမ်းဆက်မေး ဘာညာသာတကာနဲ့အသကုန်ချော့ပီးမှ yoongiတယောက်စိတ်ပြေတော့သည်

ကျွန်တော်လဲအံ့သြမိပါရဲ့
yoongiလိုကောင်ကစိတ်ကောက်တတ်တယ်ဆိုတာကိုလေ
လူစားထိုးခံလိုက်ရသလိုပဲ
အော် ... အချစ် အချစ် လူကိုအတော်လေးပြောင်းလဲစေတာပဲ

𝐒𝐄𝐍𝐈𝐎𝐑 (Completed)Where stories live. Discover now